အမျိုးသမီးများကို ကျောက်စိမ်းကျောက်ရိုင်းအချောသပ် သင်တန်းပို့ချပေး

ဖားကန့်မြို့ မှော်စီဇာတွင် ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဖွင့်လှစ်ထားတဲ့ အမျိုးသမီးများပြန်လည်ထူထောင်ရေးအလုပ်ရုံတွင် ကျောက်စိမ်းကျောက်ရိုင်း အချောသပ်သင်တန်းကို အမျိုးသမီးများ အဓိကထားပြီး ပို့ချပေးနေပါတယ်။

ကျောက်စိမ်းအချောသပ်ခြင်းလုပ်ငန်း လက်မှုပညာသင်ကြားပေးခြင်းအကြောင်းအရင်းကို “မူယစ်ဆေးစွဲမှုကို ဖြတ်တောက်နိုင်ခဲ့ပြီဖြစ်တဲ့ အမျိုးသမီးများကို အဓိကထားပြီးတော့ အခကြေးမယူပဲ သူတို့အတွက် အသက်မွေးဝမ်းကြောင်းလုပ်ငန်းဖြစ်တည်လာဖို့ ရည်ရွယ်ပြီး သင်ကြားပေးတာပါ” လို့ ကချင်အမျိုးသားလူမှု့ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း တာဝန်ခံ ဆရာလတောင် ကပြောပါတယ်။

မှော်ဒေသဖြစ်တာကြောင့် ရေမဆေးရှာဖွေခြင်းဖြင့် အသင်မွေးဝမ်းကြောင်းပြုခြင်း၊ အိမ်ထောင်မိခင်များ အခြားသောဝေးလံတဲ့နေရာဘက် သွားရောက်လုပ်ကိုင်ခြင်းမလိုပဲ မိမိနေအိမ်တွေမှာသာနေထိုင်ပြီး အသက်မွေးဝမ်းကြောင်း လုပ်ကိုင်နိုင်ဖို့၊ ဝေငွေအတန်အသင့်ရရှိစေဖို့ ရည်ရွယ်ကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာတော့ ကျောက်စိမ်းများဖြင့် လက်အောက်များ၊ လက်စွတ်များအထိ လုပ်ဆောင်နိုင်သည်အထိ သင်ကြားပို့ချပေးနေတာဖြစ်ပြီး ဆက်လက်ပြီးတော့ ပိုမိုကျယ်ပြန့်တဲ့ နည်းနာများဖြင့် သင်ကြားပေးနိုင်ဖို့လည်း ပြင်ဆင်နေပြီး အချောသပ်ခြင်းအတတ်ပညာအတွက် အချိန် ၆ လ ကြာမြင့်မှာဖြစ်ပြီး တတ်မြောက်ချင်သူတိုင်းကို သင်ကြားပေးနေ သုံးနှစ်ရှိပြီဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

*