အများပြည်သူအသုံးပြုနေတဲ့သောက်သုံးရေကို သန့်ရှင်းမှုရှိမရှိစစ်ဆေးမည်

ကေအိုင်အို ထိန်းချုပ်နယ်မြေ ဗန်းမော်ခရိုင်အတွင်းရှိ ကျေးရွာများတွင် အများပြည်သူအသုံးပြုနေတဲ့ သောက်သုံးရေ ကျန်းမာရေးနဲ့ညီညွတ်မှုရှိမရှိ စစ်ဆေးသွားမည့်လုပ်ငန်းလုပ်ဆောင်နေကြောင်း သိရှိရပါတယ်။

ကျေးရွာတိုင်းနဲ့ အခြေခံပညာရေးကျောင်းများ အသုံးပြုနေတဲ့ရေများကို စစ်ဆေးသွားမှာဖြစ်ပြီး ကေအိုင်အို ကျန်းမာရေးဌာန (ဗဟို)ကနေ တာဝန်ယူလုပ်ဆောင်သွားမှာဖြစ်ကာ HPA ဝန်ထမ်းများလည်း ပါဝင်ခြင်ဖြင့် ဩဂုတ်လ ၂၂ ရက်နေ့ကတည်းက လုပ်ငန်းစတင်ခြင်းဖြစ်သလို စက်တင်ဘာ ၂ ရက်နေ့အထိ စိစစ်ရာမှာတော့ အသုံးမပြုနိုင်လောက်တဲ့အဆင့်အထိတော့ ရောက်ရှိခြင်းမရှိတာကို တွေ့ရှိရကြောင်း ပြောပါတယ်။

ဒေသခံများကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ သန့်ရှင်းသောသောက်သုံးရေကို အသုံးပြုကြဖို့ တိုက်တွန်းသလို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စိတ်ဓာတ်ရေးရာကျဆင်နေမှုများကိုလည်း ခွန်းအားပေး ပညာပေးခြင်းများလည်း လုပ်ဆောင်ခဲ့ကြပါတယ်။

Leave a Reply

*