လိုင်ဇာမြို့ ပြည်သူ့ဆေးရုံဝင်းရှိ ဝန်ဂျပ်ခန်းမတွင် စက်တင်ဘာ ၅ ရက်နေ့က အပတ်စဉ် (၅) ဆေးကျောင်းဆင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ကျောင်းဆင်းပွဲမှာတော့ ဗဟိုကျန်းမာရေးဌာန တာဝန်ခံမှ ကျောင်းဆင်းမိန့်ခွန်းပြောကြားခဲ့ကာ ကျောင်းဆင်းလက်မှတ်ကိုတော့ ဒုတိယတာဝန်ခံက ပေးအပ်ချီးမြင့်ခဲ့ပါတယ်။
ဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်ကြတော့မည်သူများအနေဖြင့် ကုသမှုအပိုင်း၊ အုပ်ချုပ်မှုအပိုင်းတွေကို ကြည့်ရှုနားလည်ရမှာဖြစ်ကာ အခြားသောဌာနများဖြင့်လည်း ချိတ်ဆက်လုပ်ဆောင်သွားရမှာဖြစ်တာကြောင့် ဆရာဝန်များရဲ့ တာဝန်ဝတ္တရားများက ကြီးမားတယ်လို့ ဗဟိုပညာရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး ဝနာယော်ထုံမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါတယ်။
အပတ်စဉ် (၅) ဆရာဝန်ဖြစ်ကျောင်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး ကျောင်းသား ၄၀ ဦးတက်ရောက်သင်ကြားခံယူခဲ့ပေမယ့် ကျောင်းဆင်းနိုင်တာကတော့ ၃၇ အထိဖြစ်ပါတယ်။