အဓမ္မ ငွေကြေးကောက်ခံတဲ့ စကစအဖွဲ့ကို KIA, KPDF ပူးပေါင်းတပ်မှ မိုင်းဆွဲတိုက်ခိုက် ၂ ဦးသေ

ဖားကန့်မြို့နယ်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ၊ ညောင်ပင်ကျေးရွာတွင် ယနေ့မနက် ၆ နာရီခွဲက အကြမ်းဖက် စစ်ကောင်စီတပ်ကို KIA တပ်ရင်း (၂၆)နဲ့ KPDF ပူးပေါင်းတပ်မှ မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၁၁၁) တပ်မှ အင်အား ၂၀ ဝန်းကျင်ပါ စစ်ကြောင်းက တပ်စွဲနေရာယူနေစဉ် KIA, KPDF ပူးပေါင်းတပ်မှ မိုင်းဖြင့် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းက ညောင်ပင်ကျေးရွာတွင် တပ်စွဲနေရာယူကာ စစ်ဆေးရေးဂိတ်ဖွင့်ကာ ဖြတ်သန်းသွားလာတဲ့ မော်တော်ယာဉ်၊ ဆိုကယ်များကို တားဆီးပြီး ငွေကြေးအဓမ္မကောက်ခံမှု ပြုလုပ်နေတာဖြစ်ပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့တုန်းကလည်း ကေအိုင်အေ တပ်ရင်း (၆) နယ်မြေ ဆိုင်းတောင်နဲ့ ဖားပြင်ကြား မော်တော်ယာဉ်ဖြင့် စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ် ယာဉ်ကို ကေအိုင်အေတပ်မှ မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသေးတယ်။

Leave a Reply

*