အစိုးရတပ်မှ ပေါ်တာအဖြစ်ခေါ်ဆောင်သွားသူ လေးဦးပြန်လွတ်ပေး

ကေအိုင်အေ တပ်မဟာ (၄) တပ်ရင်း (၈) နယ်မြေရှိ ဒေါင်ခမ်းကျေးရွာရှိ ရွာသား (၅) ဦးကို ဇွန်လ ၂၃ ရက်နေ့မနက် ၉ နာရီအချိန်တွင် အစိုးရတပ် တပ်မ (၈၈) နဲ့ တပ်မ (၉၉) တို့က ပေါ်တာအဖြစ်ခေါ်ဆောင်သွားရာမှ လေးဦးကိုတော့ နေ့လည် ၁၁ ခွဲအချိန်ခန့်တွင် ပြန်လည်လွတ်ပေးခဲ့ပါတယ်။ အစိုးရတပ်ခေါ်ဆောင်သွားသူတွေကတော့ ဦးမရစ်မာဒိန့် အသက် (၂၄)နှစ်၊ လဘန်တူး အသက် (၃၅)၊ ဦးမရန်ဘရန်အောင် အသက် (၃၀)၊ ဦးလရှမ့်တူး အသက် (၄၀)နဲ့ ဦးပေါ်ဆာ့ဂမ်ဆိုင်း အသက် (၄၀) တို့ဖြစ်ကြကာ ဦးပေါ်ဆာ့ဂမ်ဆိုင်းကလွဲပြီး ကျန်သူများကို လွတ်ပေးခဲ့ကာ သူ့ကိုတော့ လက်ရှိအချိန်ထိ အစိုးရတပ်က လွတ်ပေးခြင်းမရှိတာကြောင့် မိသားစုများနဲ့ ဒေသခံများက စိုးရိမ်နေကြပါတယ်။ အစိုးရတပ် တပ်မ(၈၈)နဲ့ တပ်မ(၉၉) တို့ ကေအိုင်အေတပ်နဲ့ ဇွန်လ ၂၂ ရက်နေ့တုန်းက နမ့်ဟူကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သလို ထိခိုက်ဒဏ်ရာရမှုတွေရှိပြီး ဒဏ်ရာရသူများကိုခေါ်ဆောင်ကာ ဒေါင်ခမ်းကျေးရွာတွင် လာရောက်နေထိုင်နေကာ ထိုစဉ် တပ်မ(၈၈)က ကျေးရွာသား လေးဦးကို ခေါ်ဆောင်သွားကာ ရွာသား တစ်ဦးကတော့ တပ်မ (၉၉)နဲ့ ရွာထဲတွင် ကျန်ရှိနေသေးတာဖြစ်ပါတယ်။ အစိုးရတပ်အနေဖြင့် တပ်ပစ္စည်းများကို သယ်ဆောင်ခိုင်းကာ လမ်းကြောင်းတွင်း အရေးအကြောင်းတစ်ခုခု ဖြစ်ပွားမည်ကိုစိုးရိမ်းကာ ဒေသခံများကို တံတိုင်းပြုလုပ်ကာ လိုရာခရီးဖြစ်တဲ့ နောင်းဖမ့်ကျေးရွာအရောက်တွင် ပြန်လည်လွတ်ပေးခဲ့ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။ လွန်ခဲ့သောအပတ်တွင်လည်း အစိုးရတပ်အနေဖြင့် ရွာတစ်ရွာမှ နှစ်ဦးစီခေါ်ဆောင်ကာ တပ်ပစ္စည်းများသယ်ဆောင်ခိုင်းမှုတွေ ရှိခဲ့ကာ အခုတလော သျှမ်းပြည်မြောက်ပိုင်းဒေသတဝိုက် ကေအိုင်အေတပ်နဲ့ အစိုးတပ်တို့ကြား တိုက်ပွဲတွေ ဆက်လက်ဆိုသလို ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။

Leave a Reply

*