ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၂၆) အခြေစိုက်တဲ့ နေရာဘက် နိုဝင်ဘာ ၂၅ ရက်နေ့ မနက် ၁ နာရီခန့်တွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်က စစ်လေယာဉ် ၂ စီးဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်မှု ရှိခဲ့ကြောင်း သိရပါတယ်။
ထိုဒေသတဝိုက်တွင် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ ကြားတိုက်ပွဲဖြစ်ပွားမှု မရှိပေမယ့် စစ်ကောင်စီတပ်က စစ်လေယာဉ် ၂ စီးဖြင့် မနက် ၁ နာရီကနေ ၂ နာရီခွဲအတွင်း ကေအိုင်အေ တပ်စွဲထားရာနေရာအနီးဝန်းကျင်ဘက် ၅ ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ကေအိုင်အေဘက်မှ ထိခိုက်သေဆုံး ဒဏ်ရာရရှိခြင်းမရှိခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
ကေအိုင်အေ တပ်မဟာ (၉) နယ်မြေဘက် စစ်ကောင်စီက လေယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ တိုက်ပွဲဖြစ်ပွားတိုင်း မကြာခဏအသုံးပြုလေ့ရှိကာ နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အတွင်း ဖြစ်ပွားခဲ့တဲ့ ကေအိုင်အေ တပ်ရင်း (၆) နယ်မြေ နမ့်ဂျန်၊ အောင်လာန်ကျေးရွာများတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားအပြီး လေကြောင်းအသုံးပြုကာ ပစ်ကူယူခြင်း၊ ဗုံးကြဲတိုက်ခိုက်မှုတွ ပြုလုပ်ခဲ့ဘူးပါတယ်။