အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရ

ကချင်ဒေသ တကျော့ပြန် စစ်ဖြစ်တာ ၁၁ နှစ်ပြည့်တဲ့ ယနေ့ ဇွန် ၉ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင် တနိုင်းမြို့၊ တိန်ကောက်ကျေးရွာ ဝါခါးမှော်တဝိုက် စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၂) ခြေမြန်တပ် (၄၃) တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တနိုင်း-လီဒိုလမ်းကနေ စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ် ခလရ (၈၆)က အင်အား ၁၀၀ ကျော်ဖြင့် ခြေလျင်စစ်ကြောင်းက ကေအိုင်အေနယ်မြေဘက် ဝင်ရောက်လာခြင်းကြောင့် ဝါခါးမှော်အရောက်တွင် ကေအိုင်အေတပ်မှ​ စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်မှုရှိနိုင်ကြောင်း သိရပါတယ်။

အဆိုပါစစ်ကြောင်းက ဒွမ်ဘွမ်ကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကနေ တပ်အပြောင်းအရွေ့ပြုလုပ်ကာ တနိုင်းမြို့ဘက် စစ်ရေးလှုပ်ရှားလာတဲ့အဖွဲ့ဖြစ်ကာ လွန်ခဲ့သော ၃ ရက်က ထွက်ခွာလာတာဖြစ်ကြောင်း သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်က လတ်တလောတွင် တနိုင်း-လီဒိုလမ်းပိုင်းရှိ ကျေးရွာများတွင် စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ဒေသခံများက စိုးရိမ်နေကြရသလို တိုက်ပွဲများလည်း မကြာမကြာဖြစ်ပွားလေ့ရှိနေပါတယ်။

Leave a Reply

*