အင်ဘာပါတွင် ကချင်ရိုးရာမနောပွဲပြုလုပ်

အင်ဘာပါဒေသတွင် ဖွင့်လှစ်ထားတဲ့ အင်ဘာပါသာသနာကျောင်း၊ ဒွန်ဘွတ်သာသနာကျောင်း၊ ဂိုင်ဒေါ့သာသနာကျောင်းသားများ စုပေါင်းပြီး ရိုးရာမနောပွဲကို ဇန်နဝါရီ ၉ ရက်နေ့က အင်ဘာပါနှစ်ခြင်းခရစ်ယာန်အသင်းတော်ကျောင်းဝင်းတွင် ကချင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြုလုပ်ခဲ့ကြပါတယ်။

သာသနာကျောင်းတွင် သင်ကြားနေတဲ့ ဘာသာရပ်တွေထဲကတစ်ခုဖြစ်တဲ့ ကချင်လူမျိုးများရဲ့ မနောပွဲဆိုင်ရာအကြောင်းအရာကို စာတွေ့လက်တွေ့အဖြစ် ကချင်ပြည်နယ်နေ့ကို ကြိုဆိုသောအားဖြင့်လည်း မနောပွဲကို ကျင်းပခဲ့ကြတာပါ။

ယခုနှစ်ကျောင်းစာသင်နှစ်မှာတော့ သာသာနာကျောင်းရှိ ကျောင်းသားများကို စစ်ပွဲအောင်မြင်ခြင်းမနောပွဲနဲ့ စီးပွားရေးအောင်မြင်ခြင်းမနောပွဲအကြောင်းကို သင်ကြားပေးခြင်းဖြစ်ကာ ကျောင်းသားများ၊ ကျောင်းသားမိဘများနဲ့ ကျောင်းကော်မတီဝင်များ ပါဝင်ပြီး လက်တွေ့လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။

“ကချင်လူမျိုးများတွင်ရှိတဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာများကို မတတ်မနေရစနစ်ဖြင့် သင်ကြားပေးနေတာပါ၊ ရိုးရာမနောအမျိုးအစားများကိုလည်း တန်ဖိုးထားပြီး လိုက်နာလုပ်ဆောင်ကြသူများဖြစ်ဖို့ သင်ကြားပေးနေခြင်းဖြစ်ပါတယ်” လို့ သာသနာကျောင်းကော်မတီ ဆရာဒွန်ဖောင်ထွယ်နန်ကပြောပါတယ်။

မနောပွဲကိုတော့ ဒေသယဉ်ကျေးမှုအဖွဲ့တွေဦးဆောင်မှုနဲ့ ၇၃ နှစ်မြောက် ကချင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လုပ်ဆောင်ကာ ဒေသအုပ်ချုပ်သူများကလည်း ပါဝင်ဆင်နွဲခဲ့ကြပါတယ်။

Leave a Reply

*