အင်ဒွပ်ယန်နဲ့ဆလန်ယန် စစ်ဘေးရှောင်စခန်း အစားအသောက်ခက်ခဲမှုရှိနေ

ဆွမ်ပရာဘွမ်ဒေသ အင်ဒွပ်ယန်နဲ့ ဆလန်ယန်စစ်ဘေးရှောင်ပြည်သူများ အသက်မွေးဝမ်းကြောင်းအတွက် စိုက်ပျိုးထားရှိတဲ့ လယ်ယာ တောင်ယာစိုက်ခင်းရှိ သီးနှံများ မျိုးမအောင်ခြင်း ပျက်စီးခြင်းများက တစ်နှစ်ထက်တစ်နှစ်ပိုမိုစိုးရွားလာကာ တစ်ဖက်တွင်လည်း ကိုဗစ်-၁၉ ကာလဖြစ်တာကြောင့် အကူအညီပေးရေးအဖွဲ့များ ရောက်ရှိမှုမရှိတာကြောင့် အစားအသောက်ရရှိရေး ဝမ်းရေးခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

“ဒီဒေသကို မေလတုန်းက ကေဘီစီမှ ထောက်ပံ့မှုတွေ ရရှိခဲ့တယ် အဲ့ရှေ့မှာတော့ မေတ္တာအဖွဲ့က အကူအညီပေးတာတွေရှိခဲ့တယ်။ စစ်ဘေးရှောင်ပြည်သူများအနေဖြင့်တော့ ကိုယ်တတ်နိုင်တဲ့အခြေအနေဖြင့် တောင်ယာလုပ်ခြင်းဖြင့် အသက်ဆက်နေကြတာ ဒီနှစ်ကတော့ စိုက်ခင်းတွေက ဖြစ်ထွန်းမှုမရှိဘူး ဒီလိုအချိန်မှာ အကူအညီပေးတာတွေလည်း ပြန်မရောက် ဆိုတော့ ပိုမိုပြီး ခက်ခဲလာဖို့ရှိခြင်းက စိုးရိမ်စရာပါပဲ” လို့ အင်ဒွပ်ယန် စစ်ဘေးရှောင်ရှိ ဦးရှခီလ ကပြောပါတယ်။

အင်ဒွပ်ယန်နဲ့ဆလန်ယန် စစ်ဘေးရှောင်စခန်းမှာ ယခင်နှစ်ကလို ဖျားနှာခြင်း၊ ရေကြီးခြင်းများက ဆိုးဆိုးရွားရွာတော့မဖြစ်သေးပေမယ့် ကိုဗစ်-၁၉ အချိန်ကာလဖြစ်တာကြောင့် သွားလာရေးခက်ခဲနေသလို အကူအညီပေးရေးအဖွဲ့များကလည်း ရောက်ရှိလာခြင်းမရှိတော့တာကြောင့် ယခင်နှစ်ထက် ပိုမိုခက်ခဲမှုတွေနဲ့ ကြုံတွေ့ရဖို့ပဲ ရှိနေပါတော့တယ်။

Leave a Reply

*