အင်ဂွမ်းလကျေးရွာရှိ ကိုဗစ်ကူးစက်ခံထားရသူ (၄၀၅) ဦး ပျောက်ကင်းသက်သာ

အင်ဂျန်းယန်မြို့နယ်၊ အင်ဂွမ်းလ ကျေးရွာတွင် ကိုဗစ်ပိုး ကူးစက်ပျံ့နှံ့မှု များပြားခဲ့ပြီး ဆေးဝါးကုသမှု ခံယူနေရာမှ ပိုးတွေ့လူနာ (၄၀၅) ဦးတွင် ပိုးကင်းစင်ကြောင်း ရလဒ်ထွက်ပေါ်လာပြီဖြစ်ကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်နှိမ်နှင်းရေး မြောက်ပိုင်းဒေသကော်မတီထံမှ သိရပါတယ်။

ကိုးဗစ်ပိုးကူးစက်ခံရသူ အများစုက ကျောင်းသားများဖြစ်ကြပြီး စုစုပေါင်း ၅၂၅ ဦးရှိပြီး ထိုအထဲမှ ၄၀၅ ဦးကတော့ ပိုးကင်းစင်ပြီး သီးသန့်ထားရှိကာ စောင့်ကြည့်ကုသမှုပေးအပ်နေတာဖြစ်ပါတယ်။

လက်ရှိအချိန်တွင် ပိုးတွေ့လူနာ (၁၁၈) ဦးကို ဆက်လက်ကုသမှုပေးအပ်နေတာဖြစ်ပြီး ကိုဗစ် ဗဟိုကော်မတီမှ ဆရာဝန်များ စေလွှတ်ကာ ဒေသရှိ ဆရာဝန်များနဲ့ ပူးပေါင်းပြီး ကုသမှုတွေ လုပ်ဆောင်နေသလို အင်ဂွမ်းလကျေးရွာကိုလည်း အသွားအလာကန့်သတ်ထားရှိထားပါတယ်။

Leave a Reply

*