ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ် ဇွပ်မိုင်ယန်ကျေးရွာအနီးတွင် ယနေ့ မေလ ၆ ရက် မနက် ၅ နာရီအချိန်မှ ကေအိုင်အေ တပ်မဟာ (၁) တပ်ရင်း (၄) နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်များအနေဖြင့် ကေအိုင်အေတပ်စွဲထားရာနေရာဘက်ကို ထိုးစစ်ဆင်စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လာတာကြောင့် နှစ်ဖက်ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ သုံးလေးရက်ကတည်းက အာဏာသိမ်းစစ်ကောင်စီတပ်များအနေဖြင့် စစ်အင်အားတိုးချဲ့မှုတွေ ဆက်တိုက်လုပ်ဆောင်လာခြင်းက တိုက်ပွဲဖြစ်ပွားနိုင်ခြေရှိခြင်းကြောင့် အင်းဂျန်းယန်မြို့နယ်တွင်း သွားလာခြင်းမပြုလုပ်ကြဖို့ ဒေသခံတွေပြောဆိုထားကြောင်း သိရပါတယ်။
လွန်ခဲ့သော မတ်လတုန်းက အင်ဂျန်းယန်မြို့နယ်အတွင်း ကေအိုင်အေတပ်နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားလာတာကြောင့် ဂွေထော့ကျေးရွာနဲ့အနီးနားကကျေးရွာအများစု အရပ်သားပြည်သူ ၂၀၀၀ နီးပါးက မြစ်ကြီးနားရှိ စစ်ဘေးရှောင်စခန်းနဲ့ ဘွမ်ရာယန်စစ်ဘေးရှောင်စခန်းများတွင် ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ပါတယ်။