အင်ဂျန်းယန်မြို့နယ်တွင် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ တိုက်ပွဲဖြစ်ပွား

ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ် ဆွမ်ဒွန်ဘွမ်တွင် နိုဝင်ဘာ ၇ ရက်နေ့ မနက် ၇ နာရီအချိန်တွင် ထိုနေရာတဝိုက် ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၁) တပ်ရင်း (၄) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ် ခမရ (၃၈၉)၊ ခလရ (၄၀)၊ ပြည်သူ့စစ်တို့ ပူးပေါင်းထားတဲ့ စစ်အင်အား ၁၆၀ ကျော်ပါဝင်တဲ့ စစ်ကြောင်းက ကေအိုင်အေနယ်မြေဘက် စစ်ရေးလှုပ်ရှားလာခြင်းကြောင့် ကေအိုင်အေတပ်မှ စောင့်ကြိုတိုက်ခိုက်ပြီး တစ်နာရီခွဲကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းက နိုဝင်ဘာ ၄ ရက်နေ့တုန်းက ထိုနေရာတဝိုက် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာခြင်းကြောင့် တန်ဘောင်ယန်ကျေးရွာအနီးတွင် ကေအိုင်အေတပ်နဲ့ တိုက်ပွဲ တစ်ကြိမ် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၆) တပ်ရင်း (၃၆) နယ်မြေ မုံးကိုးဒေသတဝိုက်တွင်လည်း စစ်ကောင်စီတပ်က စစ်အင်အားတိုးချဲ့ ဖြည့်တင်းေနတာကြောင့် မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားနေလေ့ရှိကာ ကျေးရွာအချို့ရှိ ပြည်သူများကတော့ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရပါတယ်။

Leave a Reply

*