အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇ ဦးသေဆုံးခဲ့ရ

ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် မိုးတားလေးကျေးရွာအနီးတွင် ဇန်နဝါရီ ၁၈ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၇ ဦးသေဆုံးခဲ့ရသလို ဇန်နဝါရီ ၁၉ ရက်နေ့တွင်လည်း ထပ်မံလာရောက်ဗုံးကြဲခဲ့ကြောင်း သိရပါတယ်။

ဒုတိယနေ့အဖြစ် ယမန်နေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာအပြင် ပြည်သူတွေရှိရာ ဘုန်းကြီးကျောင်းဝင်းတဝိုက်ကိုလည်း လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကာ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုတွေလည်း ရှိနေသလို တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း သိရပါတယ်။

ဇန်နဝါရီ ၁၈ ရက်နေ့ကတည်းက ဖြစ်ပွားနေတဲ့ အဆိုပါတိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာခြင်းကြောင့် ကေအိုင်အေတပ်နဲ့ ပူးပေါင်းအဖွဲ့ နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကာ အဆိုပါနေ့က မိုးတားလေးကျေးရွာတွင်း ရှင်ပြုနားသအလှူ ပြီးစီးလို့ သိမ်းဆည်းနေစဉ် လေကြောင်းမှ ကြဲချလိုက်တဲ့ ဗုံးကျရောက်ပေါက်ကွဲခြင်းကြောင့် အရပ်သားပြည်သူ ၇ ဦး သေဆုံးခဲ့ရကာ အချို့ ဒဏ်ရာရရှိခဲ့ပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့တွင်လည်း ကေအိုင်အေတပ်မဟာ ၃ ဘက် စစ်အင်အား ၂၀၀ ဝန်းကျင်ဖြင့် ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ကြား တိုက်ပွဲပြင်းထန်ခဲ့ကာ ဇန်နဝါရီ ၁၇ ရက်နေ့တွင်လည်း နမ့်လင်းပါတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

Leave a Reply

*