အကြမ်းဖက် စစ်ကောင်စီရဲ့ ရိက္ခာတင် သင်္ဘောနှစ်စင်းကို KIA စောင့်ကြိုတိုက်ခိုက်

မန္တလေးကနေထွက်ခွာလာတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီရဲ့ သင်္ဘောကို မတ်လ ၁၇ ရက် နေ့လည် ၁ နာရီခွဲခန့်တွင် ကေအိုင်အေတပ်မဟာ (၈) တပ်ရင်း (၅) မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ သင်္ဘောကြီး ၂ စင်းက မန္တလေးမြို့ကနေ မနက် ၈ နာရီခန့်တွင် ရိက္ခာများအပြည့်ဖြင့် ဧရာဝတီမြစ်အတိုင်း ခုတ်မောင်းလာစဉ် ကျောက်တလုံးနဲ့ ရွှေဘုံသာကြားတွင် KIA တပ်ရင်း ၅ မှ စောင့်ကြို တိုက်ခိုက်နိုင်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။

အကြမ်းဖက် စစ်ကောင်စီတပ်က ကေအိုင်အေနယ်မြေဘက် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတွေကလည်း ယခုရက်ပိုင်းအတွင်း ခပ်စိတ်စိတ်ပြုလုပ်နေကာ KIA တပ်မဟာ (၉) တပ်ရင်း (၄၄) နယ်မြေဘက်တွင်လည်း ၈၂-မမ လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

ထို့အပြင် ကေအိုင်အို ဗဟိုဌာနချုပ်နဲ့ နီးကပ်တဲ့ တပ်မဟာ (၁) နယ်မြေတွင်လည်း လက်နက်ကြီးများဖြင့် ကြိမ်ဖန်များစွာ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကာ ထိုးစစ်ဆင်နေကြောင်း သိရပါတယ်။

Leave a Reply

*