ကချင်ပြည်နယ်၊ ဟိုပင်မြိို့၊ နန့်ရင်းကျေးရွာအနီး ယနေ့ ဖေဖော်ဝါရီ ၁၁ ရက် မနက် ၁၁ နာရီခန့်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်နဲ့ KIA, PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၈) တပ်ရင်း (၃၅) နယ်မြေဘက် ဟိုပင်စစ်တပ်မှ ခလရ (၄၀) အင်အား (၂၀၀) ဝန်းကျင် ပါဝင်တဲ့ စစ်ကြောင်းက ဝင်ရောက်လာခြင်းကြောင့် KIA, PDF ပူးပေါင်းတပ်တို့ စောင့်ကြိုတိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဟိုပင်) အနေဖြင့် နန့်ရင်းချောင်းဘက် မည်သည့်အကြောင်းရင်းကြောင်းဖြစ်ဖြစ် ညနေ ၅ နာရီခွဲကစတင်ပြီး သွားလာခြင်းမပြုလုပ်ကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၃ ရက်နေ့တုန်းကလည်း မော်ဟန်ရဲစခန်းကို KIA, PDF ပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
ကေအိုင်အေ တပ်မဟာ (၈) နယ်မြေဘက် အကြမ်းဖက်စစ်ကောင်စီတပ်က ခြေလျင်စစ်ကြောင်းအပြင် စစ်ယာဉ်တန်းများဖြင့် ထိုးစစ်ဆင် စစ်အင်အားတိုးချဲ့ခြင်းမျာကို ဆက်တိုက်လုပ်ဆောင်နေကာ ဇန်နဝါရီ ၂၇ ရက်နေ့ နဲ့ ၂၈ ရက်နေ့များတွင်လည်း ကြာကြီးကွင်း၊ ပင်ဝယ်၊ မော်လူးနဲ့ မော်ဟန်ကြား ညောင်ကုန်းနေရာဘက် စစ်အင်အားတိုးချဲ့လာတဲ့ စစ်ယာဉ် ၅၇ စီးပါ ယာဉ်တန်းကို KIA, PDF ပူးပေါင်းတပ်တို့ စောင့်ကြိုတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။