အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ KIA, PDF ပူးပေါင်းတပ်တို့ လုံယှာယန်တွင် တိုက်ပွဲဖြစ်ပွား

ပူတာအိုမြို့နယ်၊ လုံယှာယန်ကျေးရွာတွင် ဖေဖော်ဝါရီ ၇ ရက် မနက် ၉ နာရီခန့်ကစတင်ပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၁) တပ်ရင်း (၇)၊ ဒေသပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ခလရ ၁၃၇, ၁၃၈, ၄၆ တပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တို့က ပူတာအိုမြို့ကနေ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားလာခြင်းကြောင့် KIA, PDF ပူးပေါင်းတပ်နဲ့  ဖတ်မာကျေးရွာတွင် ထိပ်တိုက်တွေ့ဆုံခဲ့ကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင်း ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားတဲ့နေရာဘက် မချန်းဘောရှိ အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၂၀ – မမ လို့ ခန့်မှန်းရတဲ့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင် လုံယှာယန်ကျေးရွာတွင် ကျရောက်ပေါက်ကွဲမှုဖြစ်ပွားတာကြောင့် ဒေသခံများက စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရပါတယ်။

ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရင်း တောတွင်းတစ်နေရာတွင် စစ်ဘေးရှောင်ပြည်သူတစ်ဦး သေဆုံးသွားခဲ့ရမှုလည်း ရှိခဲ့ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ကစတင်ပြီး ဆွမ်ပီယန်၊ ရှိန်ကပ်ဘွမ်၊ လုံယှာယန် စတဲ့ နေရာ ၃ ခုတွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ KIA, PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီတပ်များ အထိနာမှုတွေ၊ စခန်းသိမ်းခံရမှုတွေရှိခဲ့တာကြောင့် လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်တာကြောင့် နေအိမ်ပျက်စီးမှုတွေနဲ့ ဆွမ်ပီယန်ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိမှုတွေရှိကာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

Leave a Reply

*