အကြမ်းဖက် စစ်ကောင်စီတပ်မှ ကေအိုင်အေ တပ်ရင်း ၄၄ နယ်မြေတဝိုက် လက်နက်ကြီးရမ်သမ်းပစ်ခတ်မှုတွေ ပြုလုပ်နေ

မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာအုပ်စု ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း ၄၄ နယ်မြေ ဆင်ဂတ်ယန်အနီးတွင် တပ်စွဲနေရာယူထားတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် ခမရ ၃၈၃၊ ၃၈၄ တပ်တို့က အနီးဝန်းကျင်ရှိ ကျေးရွာဘက် လက်နက်ကြီးများ ရမ်သမ်းပစ်ခတ်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေကြောင်းသိရပါတယ်။

ဇန်နဝါရီ ၂၃ ရက်နေ့ မနက် ၇ နာရီခွဲတွင် မရောင်ဘွမ်ဘက် လက်နက်ကြီးများ ရမ်သမ်းပစ်ခတ်နေခဲ့တဲ့အပြင် ညနေ ၉ နာရီခန့်တွင်လည်း ၈၀ မမ လို့ခန့်မှန်းရတဲ့ လက်နက်ကြီး ၅ ကြိမ်ထက်မနည်း ပစ်ခတ်မှု ပြုလုပ်ခဲ့ပါတယ်။

လွန်ခဲ့သော ၂၀၂၁ ခုနှစ်ကုန်ပိုင်းတွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် တပ်စွဲနေရာယူထားတဲ့စခန်းကို ကေအိုင်အေတပ်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးချိန်ကစတင်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်က ကျေးရွာအနီးဝန်းကျင်ဘက် ကေအိုင်အေတပ်များရှိတယ်ဆိုတဲ့ သံသယဖြင့် မရောင်ဘွမ်ဘက် နေ့ည အချိန်မရွေး လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်နေခဲ့တာလည်း ဖြစ်ပါတယ်။

ဇန်နဝါရီ ၁၈ ရက်နေ့တုန်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၃၈၃၊ ၃၈၄ တပ်တို့ မရောင်ဘွမ်ဘက် ၈၀ မမ လို့ခန့်မှန်းရတဲ့ လက်နက်ကြီး ၁၅ ကြိမ်ထက်မနည်းနဲ့ လက်နက်ငယ်များဖြင့်လည်း အကြိမ် ၁၀၀ ခန့် ရမ်သမ်းပစ်ခတ်နေခဲ့ပါတယ်။

Leave a Reply

*