အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးထိမှန်ပြီး မိခင်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိ

ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။

ဖားကန့်မြို့နယ်၊ မဇွပ်ယန်ကျေးရွာတွင် ယနေ့ မနက် ၈ နာရီခွဲခန့်  အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ပြီး ကလေး ၂ ယောက်မိခင်တစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

မဇွပ်ယန်အချုပ်ထောင်တွင် တပ်စွဲနေရာယူထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခလရ ၇၆ တပ်ကို ကေအိုင်အေတပ်မှ ဝင်ရောက်တိုက်ခိုက်ပြီး နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့သလို အကြမ်းဖက် စစ်ကောင်စီတပ်က အနီးဝန်ကျင်ဘက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပြီး သိရပါတယ်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ၂ ခုက မဇွပ်ယန်ကျေးရွာတွင်း ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အသက် ၃၀ ကျော် အရွယ် မိခင်တစ်ဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့ရပါတယ်။

လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးကို လက်တလောတွင် လုံးခြင်းဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေသလို ဒေသခံများကလည်း စိုးရိမ်မှုတွေနဲ့ နေထိုင်နေကြရပါတယ်။

မဇွပ်ယန်အချုပ်ထောင်ရှိ စစ်ကောင်စီတပ်စခန်းက ယမန်နှစ်တုန်းကလည်း တိုက်ပွဲဖြစ်ပွားတိုင်း အနီးဝန်းကျင်ကျေးရွာဘက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ ပြလုပ်တာကြောင့် ဒေသခံပြည်သူ သေဆုံးရမှုနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါသေးတယ်။

Leave a Reply

*