အကြမ်းဖက် စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး အသက်ဆုံးရှုံးခဲ့ရ

ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်မှ အနီးဝန်းကျင်ဘက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်ခဲ့တာကြောင့် အပြစ်မဲ့ ဒေသခံပြည်သူတစ်ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

မိုးမောက်ရှိ အာဏာရှင် စစ်ကောင်စီ တပ်စခန်းတစ်ခုဖြစ်တဲ့ ခမရ ၄၃၇ တပ်က အောက်တိုဘာ ၂၆ ရက်နေ့ ညနေ ၁၀ နာရီခန့်တွင် လုံဂျာဘွမ်နဲ့ ဝါ့ဝမ်၊ နမ့်ဆိုင်ဘက် လက်နက်ကြီးရမ်းသမ်းပစ်ခတ်ေနခဲ့ကာ နမ့်ဆိုင်ကျေးရွာရှိ နေအိမ်တစ်ခုတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

အဆိုပါ နယ်မြေတွင် အောက်တိုဘာ ၂၂ ရက်ကစတင်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ကြား နေ့စဉ်နေ့တိုင်း ထိတွေ့တိုက်ပွဲဖြစ်ပွားနေကာ စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူ ၂၀၀ ကျော်က စိုးရိမ်ဖွယ်ဖြစ်ပွားလာတာကြောင့် တိမ်းရှောင်ရမှုတွေလည်း ရှိလာတာဖြစ်ပါတယ်။

ယခုရက်ပိုင်းအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်မှ မိုးမောက်မြို့နယ်အတွင်း လေကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အပြင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေလည်း ပြုလုပ်နေတာကြောင့် ဒေသခံများ ထိခိုက်လာမှာကိုလည်း စိုးရိမ်နေကြရပါတယ်။

Leave a Reply

*