အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို KIA, PDF ပူးပေါင်းတပ်မှ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း ကသာမြို့နယ် ဘန့်ဘွေးကုန်းကျေးရွာတွင် တပ်စွဲနေရာယူနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့ မနက် ၄ နာရီခွဲတွင် KIA, PDF ပူးပေါင်းတပ်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ဘန့်ဘွေးတပ်စခန်း ခလရ (၁၂၁) တပ်ကို KIA, PDF ပူးပေါင်းတပ်မှ ဝင်ရောက်တိုက်ခိုက်စဉ် နှစ်ဖက် ၃ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများပြားခဲ့တာကြောင့် အနီးဝန်းကျင်ဘက် လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။

ထို့နောက် မိုးသားလေးကနေ ရေလမ်းကြောင်းဖြင့် ကချင်ပြည်နယ်ဘက် စစ်အင်အားတိုးချဲ့လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် သင်္ဘောတစ်စီး ဒေသပြည်သူ့ကာကွယ်ရေးတပ်မှ စောင့်ကြိုတိုက်ခိုက်ခဲ့အပြီး စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် ၆ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။

ယခုလ ၁၉ ရက်နေ့တွင်လည်း ဧရာဝတီမြစ်ကြောင်းအတိုင်း ခုတ်မောင်းလာတဲ့ စစ်အင်အားအပြည့်ပါတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် သင်္ဘော ၆ စီးကို PDF တပ်မှ စောင့်ကြိုတိုက်ခိုက်စဉ် သင်္ဘော ၂ စီး ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။

ဩဂုတ်လ ၂၀ ရက်နေ့မှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ နာလွိုင်နဲ့ ဘန်ဝ ကျေးရွာကြား မနက် ၈ နာရီခွဲတွင် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကေအိုင်အေတပ်မှ စောင့်ကြိုတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။

Leave a Reply

*