ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်၊ လဝါ့ယန်ကျေးရွာနဲ့ စွပ်ခါးကျေးရွာကြား ယနေ့ ဇွန်လ ၁၅ ရက်နေ့ မနက် ၄ နာရီခွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၁) ခြေလျင်တပ်ရင်း (၂၂)နဲ့ အကြမ်းဖက် စစ်ကောင်စီ ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဆွမ်ပရာဘွမ်မြို့နယ်ကနေ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်းပြီး စစ်ယာဉ်တန်းဖြင့် ပြောင်းရွှေ့လာတဲ့အဖွဲ့ကို ကေအိုင်အေတပ်မှ လမ်းတလျောက် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ စစ်ယာဉ်တန်း အင်ဂျန်းယန်အရောက်တွင်လည်း ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၁၀ ဦးထက်မနည်း သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး ယာဉ်တစ်စီးလည်း ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။
ဇွန်လ ၁၂ ရက်နေ့တုန်းကလည်း အဆိုပါ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ ကို ကေအိုင်အေတပ်မှ စောင့်ကြိုတိုက်ခိုက်ခဲ့ကာ သေဆုံးထိခိုက်မှု များပြားခဲ့ပါသေးတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ စစ်ကြောင်းက မြစ်ကြီးနား၊ ပူတာအိုနဲ့ ဆွမ်ပရာဘွမ်လမ်းပိုင်းများတွင် ခြေလျင်စစ်ကြောင်းအပြင် စစ်ယာဉ်တန်းများဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေသလို လက်နက်ခဲယမ်းနဲ့ ရိက္ခာများဖြည်တင်းခြင်းတွေလည်း ပြုလုပ်နေတာကြောင့် တိုက်ပွဲ မကြာခဏဆိုသလို ဖြစ်ပေါ်နေတာဖြစ်ပါတယ်။