အကြမ်းဖက် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်း သေဆုံးထိခိုက်

ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၃)နဲ့ တပ်မဟာ (၉) နယ်မြေများတွင် တရားမဝင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ KIA, PDF ပူးပေါင်းတပ်ကြား မေလ ၁၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ရွှေကူမြို့၊ ဇင်းဘုံကျေးရွာ ရှုခင်းသာတွင် ယမန်နေ့ မေလ ၁၄ ရက် မနက် ၆ နာရီခန့်တွင် ဆင်တပ်ကျေးရွာဘက်ကနေ ခြေလျင်ထိုးစစ်ပြုလုပ်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် တပ်မ (၈၈) လက်အောက်ရှိ တပ်သား (၈၀) ပါစစ်ကြောင်းကို KIA, PDF ပူးပေါင်းတပ်မှ သုံးကြိမ်ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးသွားကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။

ယမန်နေ့ မနက် ၄ နာရီခွဲခန့်တွင်လည်း ကေအိုင်အေ တပ်မဟာ (၉) တပ်ရင်း (၂၆) နယ်မြေ နန့်မွန်းဒေသ၊ နမ္မတီးဘုန်းကြီးကျောင်းဝင်းကနေ ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် အင်အား (၂၁၃) ဦးပါ စစ်ကြောင်းကို ကျေးရွာအနီး ကေအိုင်အေတပ်မှ သုံးကြိမ်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

မနက် ၁၀ နာရီခွဲဝန်းကျင်မှာတော့ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းက လွယ်မွန်ကျေးရွာဘက် ထပ်မံ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားလာတာကြောင့် ကျေးရွာအထက်ပိုင်းအရောက်တွင် ကေအိုင်အေတပ်မှ ၂ ကြိမ်းထပ်မံ မိုင်းဆွဲတိုက်ခိုက်လိုက်တာကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၀ ဦးဝန်းကျင်ခန့် သေဆုံးထိခိုက်ခဲ့ကြောင်း ခိုင်လုံတဲ့သတင်းရင်းမြစ်အရ သိရပါတယ်။

Leave a Reply

*