ရှမ်းပြည်နယ်မြောက်ပိုင်း (Kachin Sub-state)) ကွတ်ခိုင်မြို့နယ်၊ ဟိုနောင်းကျေးရွာအနီး ယနေ့ ဇွန်လ ၁၆ ရက်နေ့ ညနေပိုင်း ၂ နာရီခန့်တွင် စစ်ရေးလှုပ်ရှားလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ကေအိုင်အေ နယ်မြေဘက် စစ်ရေးလှုပ်ရှားလာခြင်းကြောင့် စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ညနေပိုင်း ၃ နာရီအချိန်ထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအပြီးတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ အနီးဝန်းကျင်ဘက် ရမ်းသမ်းပစ်ခတ်မှုတွေ ဆက်လက်ရှိနေခဲ့ကြောင်း သိရပါတယ်။
ထို့အပြင် ယမန်နေ့ကလည်း ကွတ်ခိုင်တပ်စခန်းကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကာလိုင်လမ်းဆုံအရောက် လိမ္မော်ခြံတွင် ရပ်နားနေစဉ် ကေအိုင်အေတပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ရပ်နားနေစဉ် တိုက်ခိုက်ခြင်းခံရတာကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်မှ ၁၀ ဦးကျော် သေဆုံးဒဏ်ရာရရှိမှုတွေ ရှိခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။
ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် ကေအိုင်အေတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား နေ့စဉ်နေ့တိုင်းလိုလို တိုက်ပွဲဖြစ်ပွားနေကာ အကြမ်းဖက် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုတွေ များပြားခဲ့ကာ စစ်ရေးလှုပ်ရှားမှုများကလည်း ဆက်လက်ရှိနေသေးတာကြောင့် နှစ်ဖက်တိုက်ပွဲများ ရှိလာနိုင်သေးကြောင်း ပြောဆိုနေကြပါတယ်။