“သျှမ်းပြည်မြောက်ပိုင်းမှာ ကေအိုင်အေတပ်နဲ့ အစိုးရတပ်တို့ တိုက်ပွဲငယ်ဖြစ်”

သျှမ်းပြည်မြောက်ပိုင်း ကေအိုင်အေနယ်မြေ တပ်မ ၁၀လက်အောက်ရှိ တပ်ရင်း ၁၇ အခြေထိုင်တဲ့ ဂမ်မင်းလွယ်ဒေါင်နေရာမှာ ဇွန်လ ၅ ရက်နေ့က ကေအိုင်အေတပ်နဲ့ အစိုးရတပ် ခလရ (၇၉) လောက်အောက်ခံတပ်တွေ စစ်ပွဲဖြစ်ပွားခဲ့ပါတယ်။ နာလျှမ်တစ်ဝိုက် စစ်ရေးလှုပ်ရှားမှုရှိခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကာ အစိုးရတပ် ခလရ (၇၉) လက်အောက်ရှိ စစ်သားအင်အား ၇၀ ခန့်က ကေအိုင်အေတပ် အခြေချရာနေရာဖြစ်တဲ့ ဘမ်ရှာဂျီတစ်ဝိုက် ထိုးစစ်ဆင်ခဲ့တာကြောင့် တိုက်ပွားဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ ဇွန်လ ၄ ရက်နေ့တုန်းကလည်း ဟူဖျက်ကျေးရွာအနီး TNLA တပ်နဲ့ အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းရှိတယ်လို့ သိရပါတယ်။ “တိုက်ပွဲဖြစ်တာကတော့ ဟူဖျက်တောင်ဘက်မှာပါ။ အဆက်အသွယ်ရတာလည်း သူတို့ ဆက်ချီတက်နေတာနဲ့ဆုံတော့ သူတို့နေတဲ့နေရာမှာ အစိုးရတပ်ရင်းက တက်လာတယ်” လို့ တိုက်ပွဲဖြစ်ပွားတဲ့အကြောင်းနဲ့ပတ်သက်ပြီး သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသမီးတာဝန်ခံ ဆရာမတစ်ဦးနဲ့ အဆက်အသွယ်ရစဉ် ယခုလိုပြောပြခဲ့ပါတယ်။ TNLA တပ်အနေဖြင့် MNDAA, AA လက်နက်ကိုင်အဖွဲ့တွေနဲ့အတူ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲထားဖို့ ထုတ်ပြန်ထားပေမယ့် သျှမ်းပြည်အထက်ပိုင်းဒေသတွေမှာတော့ တိုက်ပွဲတွေ ခဏခဏဖြစ်ပွာနေကာ ဇွန်လ ၄ ရက်နေ့ညနေပိုင်းမှာ မိုင်ယုလေကျေးရွာသား အမျိုးသား ၂၀ ဦးနဲ့ အမျိုးသမီး ၁၀ ဦးကို အစိုးရတပ်အနေဖြင့် လမ်းပြလုပ်ဖို့ ဖမ်းဆီးခေါ်ဆောင်သွားရာတွင် ငါးနှစ်အရွယ်ကလေးတစ်ဦးလည်း ပါဝင်ကာ ထိုသူများကို ညသံခေါင်အချိန် TNLA တပ်နဲ့နီးစပ်နေတဲ့ နေရာကနေ ပြန်လည်လွတ်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

*