သျှမ်းပြည်မြောက်ပိုင်း ကေအိုင်အေနယ်မြေ ၂ နေရာမှာ တိုက်ပွဲဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၆) နဲ့ တပ်မဟာ (၄) နယ်မြေ နှစ်နေရာမှာ ဧပြီ ၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကာ တပ်မဟာ (၄) တပ်ရင်း (၈) နမ့်ဖက်ကာကျေးရွာအုပ်စု နာ့ကုန်းကျေးရွာအထက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်များက စစ်ရေးလှုပ်ရှားလာစဉ် ကေအိုင်အိုင်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

ကေအိုင်အေ တပ်မဟာ (၆) တပ်ရင်း (၃၆) နယ်မြေ မန်ယန်နဲ့ ဘန်မွှေကြားမှာလည်း ညနေပိုင်း ၅ နာရီအချိန်ခန့်တွင် အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ် အင်အား ၆၀ ဖြင့် ဖောင်ဆိုင်ဘက်မှ ခြေလျင်ဖြင့် ကေအိုင်အေ တပ်ရင်း (၃၆) နယ်မြေဘက်ကို ထိုးစစ်ဆင်စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်ခြင်းကြောင့် ကေအိုင်အေဘက်မှလည်း ခုခံစောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

သျှမ်းပြည်မြောက်ပိုင်းရှိ ကေအိုင်အေနယ်မြေအများစုတွင် အာဏာသိမ်းစစ်ကောင်စီတပ်များက စစ်ရေးလှုပ်ရှားမှုတွေ စဉ်ဆက်မပျက်ဆိုသလို ပြုလုပ်နေခြင်းကြောင့် တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေကာ အင်အားတိုးချဲ့မှုတွေလည်းရှိတာကြောင့် တိုက်ပွဲလျော့ကျသွားဖို့ အလားအလာမရှိသေးကြောင်း ပြောဆိုနေကြပါတယ်။

Leave a Reply

*