သျှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၆) နယ်မြေမှာတိုက်ပွဲဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နန့်ကွတ်ကျေးရွာတွင် ကေအိုင်အေတပ်မဟာ (၆) တပ်ရင်း (၉) တပ်ဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား ဧပြီလ ၅ ရက် ယနေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တပ်အင်အား ၈၀ ဝန်းကျင်ရှိတဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့က ကွတ်ခိုင်မြို့ကနေ ခြေလျင်ဖြင့် ကေအိုင်အေနယ်မြေဘက် စစ်ရေးလှုပ်ရှားမှုပြုလလာတာကြောင့် ကေအိုင်အေ တပ်ရင်း (၉) တပ်ဖွဲ့မှ စောင့်ဆိုင်းပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

လတ််တလော သျှမ်းပြည်မြောက်ပိုင်းဒေသများတွင် အာဏာသိမ်းစစ်ကောင်စီတပ်များက လမ်မကြီးအတိုင်းသွားလာပြီး စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေသလို ပြည်သူများရဲ့ကားများကို အသုံးပြုပြီး သွားလာမှုတွေရှိကြောင်း အမည်မဖော်လိုသူတစ်ဦးကပြောပါတယ်။

“သူတို့ကဘာရည်ရွယ်နေတာလဲတော့မသိဘူး လမ်းမကြီးအတိုင်းသွားပြီး စစ်ရေးလှုပ်ရှားမှုပြုတာ အမြဲတမ်းဖြစ်နေတယ်၊ ကျတော်တို့ရှိတဲ့ဘက်ကို အရမ်းကြီးထိုးစစ်လုပ်တာတော့မရှိသေးဘူး တိုက်ပွဲကတော့ ဆက်ပြီးဖြစ်နေဖို့အလားအလာရှိနေတယ်၊ တိတ်တဆိတ်လှုပ်ရှားတာတွေလုပ်တယ်ပြီးတော့ အရပ်သားသုံးကားတွေနဲ့သွားလာနေကြတယ်” လို့ သူကပြောပါတယ်။

ယမန်နေ့ ဧပြီ ၄ ရက်နေ့ကလည်း ကေအိုင်အေ တပ်မဟာ (၁၀) တပ်ရင်း (၁၇) နယ်မြေတွင် ကေအိုင်အေတပ်နဲ့ မုံယော်ဘက်မှ ချီတက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ လွယ်လိုင်လမ်းဆုံတွင် တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

Leave a Reply

*