“သျှမ်းပြည်မြောက်ပိုင်း ကေအိုင်အေတပ်နဲ့မြန်မာစစ်တပ်တို့ နေရာအချို့တွင်တိုက်ပွဲဆက်တိုက်ဖြစ်ပွား”

သျှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ ၁၀ တပ်ရင်း ၂နဲ့ မြစ်မာစစ်တပ် တပ်မ ၉၉ အတွင်းရှိ တပ်ရင်းနဲ့ မနက် ၄ နာရီခွဲအချိန်တွင် ထိပ်တိုက်တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ကာ လွယ်ဆမ်စစ်တောင်ခြေရင်းတွင်လည်း နေ့လည် ၁၂ နာရီခွဲအချိန်ခန့်တွင် ကေအိုင်အေ တပ်မစာ လက်အောက်ရှိ တပ်ရင်း ၃၉ နဲ့လည်း တိုက်ပွဲဖြစ်ပွားခဲ့ ပါတယ်။

လက်ရှိတွင် မြန်မာစစ်တပ် တပ်မ ၉၉ အနေဖြင့် ကေအိုင်အေ တပ်မဟာ ၁၀ နဲ့ တပ်မဟာ ၆ တပ်စွဲထားရာနယ်မြေများကို ကျူးကျော်ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်လာကာ အင်အားတိုးချဲ့မှုတွေလည်း နေ့စဉ်လုပ်ဆောင်နေကြာင်း တွေ့ရှိသူများကပြောကြပါတယ်။

“စစ်ရေးလှုပ်ရှားမှုတွေကို ကြည့်မယ်ဆိုရင် သူတို့က ကေအိုင်အေတွေနေတဲ့တောင်တွေဘက်ကို လိုက်လံရှာဖွေပြီး ထိုးစစ်လုပ်နေတာကို တွေ့မြင်နေရတယ် ဆက်လက်ပြီးတော့လည်း တိုက်ပွဲတွေကဖြစ်ပွားနေအုံးမှာပဲ သူတို့က ထိုးစစ်ဆင်မှုတွေလုပ်ဆောင်နေသရွေ့ကတော့ နောက်နေ့တွေမှာလည်း တိုက်ပွဲဖြစ်အုံးမှာပါ” လို့ ရှေ့တန်းစခန်းရှိ တာဝန်ရှိသူကပြောပါတယ်။

အရပ်သားအစိုးရကနေ အာဏာသုံးရပ်ကို အဓမ္မသိမ်းယူလိုက်တဲ့ မြန်မာစစ်တပ်ကို တနိုင်ငံလုံးရှိ ပြည်သူလူထုက ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်နေကြချိန် နိုင်ငံရေးရှုပ်ထွေးနေစဉ် တိုက်ပွဲများကို မြန်မာစစ်တပ်က ပုံဖော်နေမှုတွေ ယခုရက်ပိုင်းများတွင် ခပ်စိပ်စိပ်တွေ့မြင်နေရပါတယ်။

Leave a Reply

*