သျှမ်းပြည်မြောက်ပိုင်း ကေအိုင်အေတပ်နဲ့မြန်မာစစ်တပ်တို့ တိုက်ပွဲဆက်တိုက်ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ ၆ တပ်ရင်း ၉ ဒေသဖြစ်တဲ့ ကွတ်ခိုင်ခရိုင်, ဂျာဘွမ်ဒေသ၊ နောင်ချိုဘွမ်တွင် ကေအိုင်အေတပ်နဲ့ မြန်မာစစ်တပ်ကြား ထိပ်တိုက်တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

Photo Credit

မြစ်မာစစ်တပ် တပ်မ ၉၉ အတွင်းရှိ တပ်ရင်းတွေက ဒါ့နန်၊ ကွတ်ခိုင်၊ နမ့်ဖက်ကာ ဒေသတွေကို စစ်ကြောင်း သုံးကြောင်းအဖြစ် စစ်အင်အား ၃၀၀ ကျော်ဖြင့် ကေအိုင်အေတပ်စွဲထားရာနေရာဘက်ကို ထိုးစစ်ဆင်လာခြင်းကြောင့် ဖေဖော်ဝါရီ ၂၂ ရက်နေ့ မနက်ပိုင်း ၈ နာရီကစပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကာ ညနေပိုင်းအထိလည်း ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ရှေ့တန်းရောက်နေသူ တစ်ဦးကပြောပါတယ်။

ကေအိုင်အေ တပ်ရင်း ၆ နဲ့ တပ်မ ၉၉ တို့ထိပ်တိုက်တွေ့ဆုံမှုက ဖေဖော်ဝါရီ ၁၂ ရက်နေ့ကနေ စတင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ၄ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကာ မြန်မာစစ်တပ်အနေဖြင့် တပ်အင်အားတိုးချဲ့မှုတွေလည်း ဆက်လက်ပြုလုပ်နေတာကြောင့် တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေအုံးမှာပဲဖြစ်ပါတယ်။

Leave a Reply

*