သူရဲကောင်း ကိုစိုးနိုင်ထွန်းရဲ့ နောက်ဆုံးခရီးကို ဝမ်းနည်းမျက်ရည်များစွာဖြင့် ပို့ဆောင်

စစ်အာဏာသိမ်းအကြမ်းဖက်အုပ်စုရဲ့ လူမဆန်စွာ ကျည်စစ်ဖြင့် ဦးခေါင်းတည့်တည့် ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့ မျိုးဆက်သစ်လူငယ် နည်ပညာတက္ကသိုလ်ကျောင်းသာ ကိုစိုးနိုင်ထွန်းရဲ့ ဈာပနကို ယနေ့ မတ်လ ၂၆ ရက်နေ့ ညနေပိုင်းတွင် ပြုလုပ်ခဲ့ကာ မိုးညှင်းမြို့လုံးကျွတ် လိုက်လံပို့ဆောင်ပြီး ဦးညွတ်ခဲ့ကြပါတယ်။

ယမန်နေ့ မတ်လ ၂၅ ရက်နေ့က အာဏာရှင်စနစ်အလိုမရှိကြောင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တဲ့ မိုးညှင်းမြို့တွင် အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းပစ်သတ်မှုကြောင့် မိုးဒါစုချောင်းတံတားအောက် ပုန်းခိုနေခဲ့ရတဲ့ မြစ်ကြီးနားနည်းပညာတက္ကသိုလ်ကျောင်းသား ကိုစိုးနိုင်ထွန်း ကို ရက်စက်တဲ့လုပ်ရပ်ဖြင့် ဦးခေါင်းကိုချိန်ရွယ်ပြီး ပစ်သတ်ခဲ့ကြတာပဲဖြစ်ပါတယ်။

ကိုစိုးနိုင်ထွန်းက မြစ်ကြီးနားနည်းပညာတက္ကသိုလ်တွင် လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်ကို သင်ကြားနေသူဖြစ်ပြီး မြစ်ကြီးနားနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံအဖြစ် ဆောင်ရွက်နေတာဖြစ်သလို သမဂ္ဂအနေဖြင့် သူ့ကို ထာဝရသူရဲကောင်းအဖြစ် ဂုဏ်ပြုခဲ့ပါတယ်။

Leave a Reply

*