သုံးနှစ်အကြာမှ ထပ်မံပြုလုပ်တဲ့ စတုတ္ထအကြိမ် NCA-S EAO ထိပ်သီးခေါင်းဆောင်များ ညီလာခံ

၂၀၁၉ ခုနှစ်ကတည်းက ရပ်နားထားတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ စတုတ္ထအကြိမ် ထိပ်သီးခေါင်းဆောင်များညီလာခံ (ဒုတိယပိုင်း) ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့မှ စတင်ပြီး ဧပြီ ၂ ရက်နေ့အထိ ကျင်းပသွားဖို့ရှိနေပါတယ်။

ယခုညီလာခံ ဒုတိယပိုင်းကနေ နိုင်ငံရေးအလှည့်အပြောင်းတစ်ခုကို ကြီးမားစွာ ဖန်တီးနိုင်ဖို့နဲ့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းကျင်းကို အမှီလိုက်နိုင်ဖို့ အခင်းကျင်းသစ်ကိုပူးပေါင်းဖန်တီးဖို့ မျှော်လင့်မိကြောင်း PPST ဦးဆောင်မှုအလုပ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက မတ်လ ၂၂ ရက်နေ့တွင် ပြုလုပ်တဲ့ PPST အစည်းအဝေး နိဂုံးချုပ်အမှာစကားတွင် ပြောဆိုထားပါတယ်။ 

ပစ်ခတ်ရပ်စဲရေးအဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်ညီလာခံ ဒုတိယပိုင်းကို နိုင်ငံတကာ သံတမန် ၇ ဦးတက်ရောက်ခဲ့ကာ မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ကြသလို Video Conferencing ဖြင့်လည်း အများစုပါဝင်ခဲ့ကြပါတယ်။

Leave a Reply

*