သိန္နီ PDF စခန်းကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သိန္နီ PDF တပ်စခန်းကို အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တို့မှ အင်အား အများအပြားဖြင့် ဒီဇင်ဘာ ၁ရက်နေ့ ည ၁၁နာရီခန့်မှ မနက် ၅နာရီကျော်အချိန်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး PDF စခန်းနှစ်ခု ဖျက်ဆီးခံခဲ့ရကြောင်း သိရပါတယ်။

အဆိုပါ ဖျက်ဆီးခံလိုက်ရသော စခန်းနှစ်ခုမှာ သိန္နီ PDF ကင်းစခန်းနှင့် လေ့ကျင့်ရေးစခန်းများဖြစ်ကြောင်းသိရပါတယ်။ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် PDF တို့ဘက်မှ ကျရှုံးမှု မရှိသော်လည်း ဒဏ်ရာရရှိမှုများရှိကြောင်း သိရပါတယ်။

“မနေ့ညကပေါ့ ကင်းစခန်းကို အရင်လာတိုက်တာ လူအင်အား လက်နက်အင်အားတွေ များတာကြောင့် ကျွန်တော်တို့ ဆုတ်လိုက်ရတယ်။ တဲတွေလဲ ဖျက်ဆီးခံရပြီး ပစ္စည်း တချို့ပါသွားတယ်။ သူတို့ဘက်က သေတဲ့သူရှိတယ်။ ကျွန်တော်တို့ဘက်က ထိခိုက်မှုလေးတွေတော့ ရှိခဲ့ပါတယ်”လို့ သိန္နီ PDF မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတွေဘက်မှ ၃ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်းသိရပါတယ်။ PDFတွေဘက်မှ ၇ဦး ဒဏ်ရာရရှိပြီး သေဆုံးမှုများ မရှိကြောင်းလည်း သိရပါတယ်။

Leave a Reply

*