လိုင်ဇာမြို့တွင်းရောင်ချနေတဲ့ဆိုင်များမှ သက်တမ်းလွန်နေပြီဖြစ်တဲ့ စားသောက်ကုန်၊ ဆေးဝါးများနဲ့ အလှကုန်ပစ္စည်းများကို ဒီဇင်ဘာ ၃ ရက်နေ့က လိုက်လံသိမ်းဆည်းပြီး ၁၂ ရက်နေ့မှာတော့ မီးရှို့ဖျက်စီးခြင်းလုပ်ဆောင်ခဲ့ပါတယ်။

အများပြည်သူကျန်းမာရေးကောင်းမွန်စေဖို့ အဓိကထားပြီး လုပ်ဆောင်ခြင်းဖြစ်ကာ သက်တမ်းလွန်စားသောက်ကုန်များ သုံးစွဲမိရင် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများဖြစ်စေနိုင်တာကြာင့် ကြိုတင်တားဆီးခြင်းဖြစ်တယ်လို့ လိုင်ဇာမြို့ကျန်းမာရေးဌာန ဒုတိယဆေးရုံအုပ် ဒေါက်တာမဂေါင်လရိန် ကပြောပါတယ်။
မြို့တော်တွင်းဈေးရောင်းချသူများကို သက်တမ်းလွန်အစားသောက်များ အများပြည်သူထံမရောင်းချဖို့အကြိမ်ကြိမ်အခါခါ သတိပေးမှုတွေရှိပေမယ့် ရောင်းချမှုတွေပေးတာကြောင့် ကလေးငယ်များကိုဝမ်းလျောခြင်း၊ ဗိုက်နာခြင်းများ မကြာခဏဖြစ်ပွားနေကာ အစားအသောက်နဲ့ အလှကုန်ပစ္စည်းများ ရောင်းချသူများက မိမိကိုယ်ကျိုးအတွက်မကြည့်ပဲအများသူငှာရဲ့ကျန်းမာရေးကို အထောက်အကူပြုစေမည့် အရာများကိုသာရောင်းချစေလိုတယ်လို့ သူကဆက်ပြောပါတယ်။
လိုင်ဇာမြို့တွင် သက်တမ်းလွန်ကုန်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်း တစ်နှစ်လျှင်နှစ်ခါ လုပ်ဆောင်တာကြောင့် လက်ရှိအချိန်တွင်သက်တမ်းလွန်ကုန်ပျက်စီးများ ရောင်းချမှုလျော့နည်းသွားကာ အများပြည်သူကလဲ ကုန်ပစ္စည်းသက်တမ်းကို ကြည့်ကာ ဝယ်ယူစားသုံးမှုတွေရှိလာပြီး ၂၀၂၁ ခုနှစ်မှာတော့ ယခုလို သက်တမ်းလွန်ပစ္စည်းများသိမ်းဆည်းဖျက်စီးခြင်းကို သုံးကြိမ်တိုင်လုပ်ဆောင်နိုင်ဖို့ အားထုတ်သွားဖို့ရှိနေပါတယ်။