“ဝှေခါ်အနီး ကေအိုင်အေတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား”

နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။

ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ နေ့လည် ၁၁ နာရီခန့်တွင် ကေအိုင်အေတပ်မဟာ (၉) တပ်ရင်း ၆ နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု ရှိခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်က ဝှေခါအနီး ဆပ်ပြာချောင်းဘက်ကနေ စစ်ကြောင်းထွက်လာစဉ် ကေအိုင်အေတပ်မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တာကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း သိရပါတယ်။

နိုဝင်ဘာ ၁၅ ရက်နေ့တုန်းကလည်း ကေအိုင်အေတပ်စခန်းအနီးဘက် အကြမ်းဖက် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းကြောင့် ဟွေလုံအနီးတိုက်ပွဲဖြစ်ပွားခဲ့ကာ ဟွေလုံတပ်စခန်းနဲ့ ဝှေခါတပ်စခန်းကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။

ကေအိုင်အေ တပ်ရင်း ၆ နဲ့ ၂၆ နယ်မြေဖြစ်တဲ့ ဝှေခါ၊ ဆယ်ဇင်းကျေးရွာများတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်မှ စစ်အင်အား လက်နက်ခဲယမ်းဖြည့်တင်းမှုတွေ လုပ်ဆောင်နေပြီး လေကြောင်းလုံခြုံရေး ရယူခြင်းတွေလည်း ရှိနေကြောင်း သတင်းရင်မြစ်များအရ သိရပါတယ်။

Leave a Reply

*