ဝေကြိုင် စစ်ဘေးရှောင်စခန်းရှိ လူငယ်များကို ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော် သွားရောက်အားပေးစကားပြော

ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်တဲ့ ဝေကြိုင်စခန်းတွင် ဇွန်လ ၂၇ ရက်နေ့က လူငယ်ရေးရာကော်မတီက ဦးဆောင်ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများကို အဆင့်မြင့် ပညာရေးဆိုင်ရာ ဟောပြောပို့ချခဲ့ပါတယ်။

ပညာရေးဆိုင်ရာ ဟောပြောပွဲကိုတော့ ကချင်လွတ်လပ်ရေးကောင်စီ ဒုဥက္ကဌ-၁ ဒုတိယဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော် တက်ရောက်ပြီး လူငယ်များနဲ့ ရင်းနီးစွာ ခွန်အားပေးစကားပြောဆိုခဲ့ပါတယ်။

တက္ကသိုလ် အဆင့်မြင့်ပညာရေးကို ဆက်လက် ဆည်းပူးကြမယ့် လူငယ်တွေကို ကေအိုင်အိုအစိုးရရဲ့ ပညာရေးလမ်းစဉ်များကို ရှင်းလင်းပြောပြခဲ့သလို မိမိလူမျိုးနဲ့နိုင်ငံအတွက် မျိုးဆက်သစ်လူငယ်တွေဖြစ်အောင် ကြိုးစားကြဖို့ ခွန်အားပေးတိုက်တွန်းစကားဆိုခဲ့ပါတယ်။

ဝေကြိုင် စစ်ဘေးရှောင်စခန်းတွင် ယခင်နှစ် ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ကျောင်းသား ၇၆ ဦးရှိခဲ့တာဖြစ်ပြီး အောင်မြင်သူအားလုံးက ကေအိုင်အိုအစိုးရကျောင်းများမှ ဖြစ်ကာ ဂုဏ်ထူးရရှိသူ ၂၀ ဦးကျော်အထိ ရှိခဲ့တာဖြစ်ပါတယ်။

Leave a Reply

*