ဝူယန်ပြည်သူ့စစ်အဖွဲ့က ခရီးသွားပြည်သူများကို စစ်ဆေးမှု ကြမ်းတမ်းလာ

ဝိုင်းမော်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ် လက်အောက်ခံ ဝူယန်ပြည်သူ့စစ်အဖွဲ့က ယနေ့ ဇူလိုင် ၃၀ ရက်နေ့တွင် ဖြတ်သန်းသွားလာသူများကို စစ်ဆေးမှု ပြင်းထန်စွာ ပြုလုပ်နေကြောင်း ပြည်သူတစ်ဦးကပြောပါတယ်။

နမ့်ဝါကျေးရွာရှိ ရှမ်းအမျိုးသမီး ၃ ဦးကို ဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်နေခဲ့ကာ ဝိုင်းမော်မြို့ကနေ ပရင်း ခုနှစ်ပြည်ဝယ်ယူလာခဲ့တာကို စစ်ဆေးတွေ့ရှိကာ တစ်ပြည်ကို ငါးသောင်းကျပ်အဖြစ် ၇ပြည်အတွက် သုံးသိန်းခွဲ အဓမ္မတောင်းယူပြီး နေ့လည်ပိုင်း ပြန်လည်လွတ်ပေးခဲ့ကြောင်း သိရပါတယ်။

ဝူယန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့ တပ်စခန်းတဖွယ်လုပ်ဆောင်ထားတဲ့ ဝူယန်ပြည်သူ့စစ်စခန်းကို ဇူလိုင် ၂၈ ရက်နေ့က ကေအိုင်အေတပ်မှ ဝင်ရောက်တိုက်ခိုက်စဉ် ပြည်သူ့စစ်အဖွဲ့မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကေအိုင်အေတပ်မှ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းနိုင်ခဲ့အပြီး ယခုလို စစ်ဆေးတာတွေ ပြင်ထန်စွာ လုပ်ဆောင်လာခဲ့တာဖြစ်နိုင်ကြောင်း ဒေသခံများထံမှ သိရပါတယ်။

အဆိုပါနေရာတွင် လီဆူပြည်သူ့စစ်အဖွဲ့က ယမန်နှစ်ကစတင်ပြီး ဒေသခံများကို အကြောင်းကြားအသိပေးခြင်းမရှိပဲ ဂိတ်ဖွင့်လှစ်ကာ နေရာယူပြီး ဖြတ်သန်းသွားလာတဲ့ ဒေသခံများနဲ့ ခရီးသွားပြည်သူများကို စစ်ဆေးခြိမ်းခြောက် ငွေကြေးတောင်းခံနေကြတာလည်း ဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် အနေဖြင့် ဂိတ်စခန်းစတင်လုပ်ဆောင်စဉ်ကတည်းက ဂိတ်စခန်းဖြတ်သိမ်းဖို့ ပြောဆိုထားပြီးဖြစ်ကာ အသိပေးထားတာဖြစ်ပါတယ်။

Leave a Reply

*