ဝါရာယန်ရွာအနီး ရွှေတူးခြင်းများကြောင့် သွားလာရေးခက်ခဲမှုရှိ

ဝါရာယန်ရွာအနီးရှိ နွန်လီချောင်းတွင် တရုတ်သူ‌ဋေးများ မြေတူးစက်ကြီးများဖြင့် ရွှေတူးဖော်မှုပြုလုပ်ခြင်းကြောင့် လမ်းသွားလမ်းလာပြည်သူများ အခက်အခဲ ကြုံတွေ့နေကြရပါတယ်။

ရွေတူးဖော်တဲ့နေရာမှာ ရွာသူရွာသားများ၏ လယ်ယာမြေ၊ တောင်ယာများကို သွားရာ လမ်းဖြစ်နေသောကြောင့် လမ်းအသွားအလာခက်ခဲသည့်အပြင် နောင်အခါ မြေသား/မြေဆီလွှာများပျက်စီးဆုံးရှုံးမည်ကို ရွာသူရွာသားများက စိုးရိမ်နေကြပါတယ်။

အခုလိုမျိုး အများပြည်သူပိုင်နေရာအတွင် ရွှေတူးဖော်ခြင်းကို ရွာသူရွာသားများက ကန့်ကွက်သည့်အပြင် သက်ဆိုင်ရာအုပ်ချုပ်သူများမှ တာဝန်ယူအရေးယူမှုကို မျှော်လင့်နေကြပါတယ်။

” ဒီသူဋေးက အာဏာရှိသူနဲ့ပေါင်းပြီး လုပ်ဆောင်နေတာလားမသိပေမယ့် သက်ဆိုင်ရာ လူကြီးများ  ရွှေတူးနေသူကို အရေးယူပေးဖို့ကျွန်တော်တို့ လိုလားပါတယ်၊ ကျနော်တို့သွားပြောလည်းရမှာမဟုတ်လို့” ဟု ဒေသခံတစ်ယောက်ကပြောပါတယ်။

 ဝါရာယန်ရွာတွင် အိမ်ခြေပေါင်း ၄၀ ရှိပြီး၊ တောင်ယာစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကထား အသက်မွေးဝမ်းကြောင်းပြု လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

Leave a Reply

*