ဆဒုံဒေသ၊ ရှန်ဂေါ်နယ် ဝါရာယန်ကျေးရွာအနီးတွင် နွန့်လီချောင်းတွင် တရုတ်နိုင်ငံသားများက ရွှေတူးစက်ကြီးများဖြင့် တရားမဝင်ရွေတူးဖော်မှုတွေကို လုပ်ဆောင်နေတာကြောင့် ဒေသံများက သွားလာရေးခက်ခဲလာကာ ကန့်ကွက်မှုတွေရှိနေပါတယ်။
တရားမဝင်ရွှေတူးဖော်နေမှုကို ဖြေရှင်းပေးဖို့ ရှန်ဂေါ်နယ်အုပ်ချုပ်သူများကို နိုဝင်ဘာလဆန်းပိုင်းက စာရေးသားပေးပို့တင်ပြထားပေမယ့် လက်ရှိအချိန်ထိ ဖြေရှင်းပေးခြင်းမရှိသလို ပြန်လည်အကြောင်းပြန်ခြင်းလည်းမရှိကာ တရုတ်လောပန်းကလည်း ရွှေတူးဖော်မှုကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျတော်တို့ဒေသခံတွေက ဒီရေလမ်းကြောင်းအတိုင်း အိမ်သုံးသစ်တွေ ပစ္စည်းတွေကို မျောချပြီးလုပ်ဆောင်နေတာ အခုတော့ ကျတော်တို့ကျေးရွာကလမ်းတွေကအစ ပျက်စီးကုန်ပြီးသွားပြောပေမယ့် စိတ်မကောင်းကြောင်းပြောပြီး မတတ်နိုင်ဘူးတဲ့” လို့ဒေသခံတစ်ဦးကပြောပါတယ်။
အများပြည်သူနဲ့ဆိုင်တဲ့နေရာတွင် ရွှေတူးဖော်ခြင်းကို ဒေသခံများက ကန့်ကွက်ကာ သက်ဆိုင်ရာဒေသအုပ်ချုပ်ရေးများက ဖြေရှင်းပေးဖို့ ဒေသခံများက မျှော်လင့်နေကြပါတယ်။