ဝါရာဇွပ်ရှိ ဘိန်းစိုက်ခင်း ၅ ဧကကျော်ကို ပတ်ဂျဆန်များမှ ဖျက်ဆီးနိုင်ခဲ့

တနိုင်း-လီဒိုလမ်း မရန့်-မိုးကောင်းချောင်း၊ မနာ့ချောင်းနဲ့ နမ့်ဆန်ချောင်းတဝိုက်ရှိ ဘိန်းစိုက်ခင်းများကို ဖေဖော်ဝါရီ ၂ ရက်နေ့နဲ့ ၃ ရက်နေ့များတွင် ဝါရာဇွပ်ကျေးရွာ မူးယစ်ဆေးဝါးနှိမ်နှင်းရေး ကော်မတီနဲ့ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများပူးပေါင်းပြီး ဘိန်းစိုက်ခင်းဖျက်ဆီးခြင်းတွေကို ပြုလုပ်ခဲ့ကြပါတယ်။

ဘိန်းစိုက်ခင်း ရှင်းလင်းခြင်းလုပ်ငန်းတွင် ဒေသအုပ်ချုပ်သူများ၊ ဘာသာရေးခေါင်းဆောင်များ၊ ဒေသခံများနဲ့ ပတ်ဂျဆန်အဖွဲ့သားများ အယောက် ၄၀ ကျော် ပါဝင်ကာ မနက် ၁၀ နာရီကနေ ညနေပိုင်း ၅ နာရီအထိ ၂ ရက်ဆက်တိုက် ၅ ဧကကျော်တဲ့ ဘိန်းစိုက်ခင်းကို ရှင်းလင်းနိုင်ခဲ့ကြောင်း သိရပါတယ်။

“ကျတော်တို့ အင်အား ၄၀ ကျော်နဲ့ နမ့်ဆန်ချောင်းတဝိုက် ဘိန်းစိုက်ခင်း ရှင်းလင်းမှုတွေ ပြုလုပ်ခဲ့တယ်၊ ကျတော်တို့ဒေသမှာ ဘိန်းကင်းစင်ရေးအတွင် အခုလို ရှင်းလင်းရခြင်းဖြစ်တယ်၊ ကျေးရွာထဲ သုံးစွဲသူတွေ၊ ရောင်းဝယ်ဖောက်ကားသူတွေကိုလည်း သက်ဆိုင်ရာကို ဖမ်းဆီးအပ်နှံပြီး ဘိန်းဖျက်ပေးခြင်းတွေလည်း ပြုလုပ်သွားမှာပါ” လို့ ဘိန်းစိုက်ခင်း ရှင်းလင်းရေးတွင် ပါဝင်ခဲ့သူတစ်ဦးကပြောပါတယ်။

မိမိနေရပ်ဒေသများတွင် မူးယစ်ဆေးဝါးကင်းစင်လာတဲ့အပြင် မျိုးဆက်သစ်လူငယ်များကလည်း မူးယစ်ကျေးကျွန် မဖြစ်ပွားစေဖို့ အထောက်အကူပြုစေမှာဖြစ်တာကြောင့် မူးယစ်ဆေးဝါး ပပျောက်ရေးလုပ်ငန်းများကို လုပ်ဆောင်နေတာဖြစ်ကြောင်းလည်း သူကဆက်ပြောပါတယ်။

မျိုးဆက်သစ်လူငယ်များကလည်း မူးယစ်ကျေးကျွန် မဖြစ်ပွားစေဖို့ အထောက်အကူပြုစေမှာဖြစ်တာကြောင့် မူးယစ်ဆေးဝါး ပပျောက်ရေးလုပ်ငန်းများကို လုပ်ဆောင်နေတာ

ဘိန်းစိုက်ခင်း ရှင်းလင်းရေးလုပ်ငန်းများကို ၂၀၂၀ ခုနှစ်ကတည်းက ပြုလုပ်လာခဲ့တာဖြစ်ပြီး ကျေးရွာဒေသများအတွင် မူးယစ်ဆေးဝါးသုံးစွဲသူတွေ၊ ရောင်းဝယ်ဖောက်ကားသူများကို ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နေတဲ့အပြင် ကျန်ရှိနေသေးတဲ့ ဘိန်းစိုက်ခင်းများကို ရှာဖွေ ရှင်းလင်းခြင်းများ စဉ်ဆက်မပျက်လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

Leave a Reply

*