ဝမ်းရေးအတွက် အရေးပါတဲ့ အင်ပုရေလမ်းကြောင်း ပျက်စီးခြင်းကြောင့် အင်ဂန်းဒေသခံများဒုက္ခရောက်နေ

ဝိုင်းမော်နောင်ခရင်း၊ အင်ဂန်းဒေသတွင် ရွှေတူးဖော်သူများပြားလာသဖြင့် ဒေသခံပြည်သူများ စားဝတ်နေရေးနဲ့ စီးပွားရေးအတွက်အဓိကထားအသုံးပြုသော အင်ပုရေလမ်းကြောင်း ပျက်စီးပြီး အသက်မွေးဝမ်းကျောင်းလပ်ငန်းလုပ်ကိုင်ဖို့ ခက်ခဲနေကြောင်း ဒေသခံပြည်သူများက ပြောပါတယ်။

အင်ဂန်ကျေးရွာတွင်နေထိုင်ကြသောဒေသခံပြည်သူများမှာ ဝါးသစ်ပင်များကိုဖောင်ဖြင့် အင်ပုမြစ်တွင်းမျောစေပြီး၊ မလိခမြစ်ကိုဖြတ်ကာ မြစ်ကြီးနားမြို့ဘက် သွားရောက် ဝမ်းစာရှာနေသောဒေသတစ်ခုဖြစ်ပါတယ်။

ခခူးဘက်တွင် ရွှေအဆက်မပျက်တူးဖော်မှုကြောင့် ရေလမ်းကြောင်းပျက်စီးလာကာ နွေရာသီအချိန်တွင် ဝါးသစ်သားများကုန်သွယ်ရန် ကုန်းလမ်းကြောင်းဖောက်ထားသော်လည်း ကုန်းလမ်းကြောင်းများကိုပါ ရွှေတူးသူများ တူးဖော်မှုများကြောင့် ဒေသခံပြည်သူများသည် ကုန်းလမ်း ၊ရေကြောင်းလမ်း နှစ်ခုလုံးတွင် အခက်ခဲဖြစ်နေကြောင်း သိရှိရပါတယ်။

“ကျွန်တော်တို့ အင်ဂန်ဒေသခံတွေရဲ့ အသက်လမ်းကြောင်းဖြစ်တဲ့အင်ပုချောင်းကို ရွှေလောပန်းတွေ ရွှေတွေလာတူးပြီး ဖျက်ဆီးနေပါတယ်။ ကုန်းလမ်းတွေမှာလဲ အားလုံးတူးစားကုန်ကြပြီ။ ဘယ်သူ့ကိုပြောပြရမှာလဲမသိ၊ ဒုက္ခရောက်နေကြပါတယ်”လို့ အင်ဂန်ဒေသခံတစ်ဦးကဆိုပါတယ်။

အင်ဂန်ဒေသခံများသည် ရေလမ်းကြောင်းကို အဓိကအားကိုးပြီး သစ်ပင်များစိုက်ကာ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသူများဖြစ်ပြီး ၊အိမ်ခြေစုစုပေါင်း ၄၀၀ ကျော်ရှိသောကျေးရွာဖြစ်ကာ ထိုဒေသအတွင်း ရွှေတူးဖော်ရေးလုပ်ကိုင်နေသူများမှာ ဒေသအတွင်းရှိ ပြည့်သူ့စစ်များထံ ခွင့်ပြုချက်ယူကာ တူးဖော်နေသူများဖြစ်ကြောင်း သိရှိရပါတယ်။

Leave a Reply

*