လွန်ဆော့စစ်ဘေးရှောင်စခန်းတွင် ရေနဲ့လျှပ်စစ်မီးအခက်တွေ့

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် နှိမ်နှင်း ထိန်းချုပ်နေတဲ့ကာလတွင် ပူတာအိုဒေသရှိ လွန်ဆော့စစ်ဘေးရှောင်စခန်းတွင် အကူအညီအထောက်အပံ့တွေလျော့နည်းသွားတာကြောင့် စခန်းတွင်း အသုံးပြုရေနဲ့ လျှပ်စစ်မီးအသုံးပြုနိုင်ရေး အခက်အခဲကြုံတွေ့နေရပါတယ်။

ဒီစစ်ဘေးရှောင်စခန်းရှိ ရေတွင်းရေကိုသာ အားကိုးနေရတာဖြစ်ကာ တွင်းနက်၂ ခုကနေ ရေမော်တာဖြင့် စုပ်ထုတ်ကာ ရေကန်ထဲမှတစ်ဆင့် အသုံးပြုနေခြင်းဖြစ်ပြီး ရေစုပ်စက်ဖြင့်အသုံးပြုရတာကြောင့် စက်ဆီလိုအပ်ချက်ရှိနေတာပါ။

“စစ်ဘေးရှောင်စခန်းတစ်ခုလုံး အသုံးပြုတာဆိုတော့ စက်ဆီတန်ဖိုးက တစ်လကို တစ်သိန်းခွဲအထိကျရောက်ပြီး ဆီဈေးတက်ရင်တက်သလိုအသုံးပြုရတာဆိုတော့ ဆီဝယ်ဖို့ စီစဉ်ရတာ အခက်ကြုံနေပါတယ်” လို့ စခန်းတာဝန်ခံ ဆရာဖုန်ထိန်း ကပြောပါတယ်။

လွန်ခဲ့သောအချိန်တွေတုန်းက စစ်ဘေးရှောင်စခန်းရှိ တစ်လအတွင်းလိုအပ်ချက်များကို ကေဘီစီကနေ ကူညီပေးနေခြင်းဖြစ်ကာ အခြားလိုအပ်ပေါ်မူတည်ပြီး အခြားသောအဖွဲ့အစည်းများက ကူညီကြခြင်းဖြစ်ပြီး လက်ရှိမှာတော့ အကူညီပေးရေးအဖွဲ့တွေ ရောက်ရှိလာမှု လျော့နည်းသွားတာကြောင် စစ်ဘေးရှောင်ပြည်သူများဆီကနေ စုဆောင်းပြီး ကိစ္စအဝဝကို ဖြေရှင်းနေရတာဖြစ်ပါတယ်။

ဒါ့အပြင် မိုးရာသီဖြစ်တာနဲ့အညီ စခန်းတွင်း ဖျားနာခြင်းများအတွက် ဆွေးဝါးများလည်း လိုအပ်ချက်တွေရှိနေကာ အကူအညီပေးရေးအဖွဲ့များကို စောင့်မျှော်နေရင်း တစ်နေ့ထက်တစ်နေ့ လိုအပ်ချက်တွေက ထပ်တိုးလာဖို့ ရှိနေပါတယ်။

Leave a Reply

*