လုံခန်တွင် ဓါးထိုးမူဖြစ်ပွား

ဖားကန့်ဒေသ၊ လုံခန် R.C.M ဘုရားကျောင်းဝင်းရှိစစ်ဘေးရှောင်စခန်းမှ ဦးအင်ပေါ့မုန်လုန်(အသက်-၅၈နှစ်) နှင့် ကိုလမာဒန်အောင်(အသက်-၂၄နှစ်) တို့သည် မတ်လ(၂၆)ရက်ညနေပိုင်းးတွင်စကားများရန်ဖြစ်ရာ ဦးအင်ပေါ့မုန်လုန် မှ ကိုလမာဒန်အောင် အားဓါးဖြင့်ထိုးသတ်လိုက်ကြောင်းသတင်းရရှိပါသည်။ ဦးအင်ပေါ့မုန်လုန်မှအရက်သေစာသောက်စား ထားကြောင်း လည်းသိရသည်။  ယင်းဖြစ်စဉ်ကြောင့်လုံခန်မြန်မာရဲတပ်ဖွဲ့မှ ဦးအင်ပေါ့မုန်လုန်အား ညနေ ၇း၄၅ နာရီခန့်တွင်ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်းဆက်လက်သိရှိရပါသည်။

Leave a Reply

*