ဗန်းမော်ခရိုင်၊ လဂျောင်ကျေးရွာအနီးတွင် ကေအိုင်အေ အမှတ်(၁)တပ်ရင်းမှ စစ်သည်များနှင့် မြန်မာစစ်တပ် သည်ဧပြီလ(၆)ရက် နံနက်၉း၃၀နာရီအချိန်တွင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းရှေ့တန်းသတင်းများမှသိရှိရပါသည်။ ဆက်လက်၍ ဖားကန့်ဒေသ၊ ခရိုင်းရွန်းနှင့် ဂေါ်လုရန် ကြားသွားလာလှုပ်ရှားနေသော ခ.လ.ရ(၂၅၅) တပ်မှစစ်သည်အင်အား(၃၀)ကျော်ခန့်အား ကေအိုင်အေ အမှတ်(၆)တပ်ရင်းမှတပ်သားများမှ သွားရောက်ပစ်ခတ်ရာမှ ဧပြီလ(၆)ရက်၊ နံနက် ၅း၄၅ မှ ၉း၄၀ နာရီအကြားတိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲဖြစ်ပွားရာနေရာသို့ မြန်မာစစ်တပ်မှ ရဟတ်ယာဉ်(၂)စီး ရောက်ရှိလာပြီး၊ နေ့လည် ၁း၀၀-၁း၃၀နာရီအချိန်အတွင်း ကေအိုင်အေများရှိရာဖက်သို့မဲ၍ပစ်ခတ်ခဲ့ကြောင်းဆက်လက်သိရှိရပါသည်။