ကေအိုင်အိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ယူဖွင့်လှစ်ထားတဲ့ အမှတ်စဉ် (၁၃) လူဝင်မှုကြီးကြပ်ရေးကျောင်းဆင်းပွဲကို ဇူလိုင် ၂၇ ရက်နေ့ ပြုလုပ်ခဲ့ပါတယ်။

လူဝင်မှုကြီးကြပ်ရေးကျောင်း သင်ကြားပေးခြင်းက လူဝင်လူထွက်ကြီးကြပ်ခြင်းကို ကချင်လူမျိုးများပိုမိုသိရှိနားလည်ပြီး အသုံးချကြဖို့နဲ့ နိုင်ငံခြားသားများနဲ့ နိုင်ငံသားများကို စစ်ဆေးခွဲခြားတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ နည်းလမ်းများဖြင့် လုပ်ဆောင်တတ်စေဖို့ သင်ကြားပေးခဲ့ပါတယ်။
အမှတ်စဉ် (၁၃) လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းကို ဧပြီ ၆ ရက်နေ့ကနေ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျောင်းဆင်းနိုင်သူ ၅၂ ဦးရှိခဲ့ပါတယ်။ ဒီကျောင်းဆင်းပွဲကိုတော့ ဌာနဆိုင်ရာတာဝန်ရှိသူများအချို့လည်း တက်ရောက်ခဲ့ပါတယ်။
“တော်လှန်ရေးတာဝန်ထမ်းဆောင်သူများဖြစ်တာကြောင့် တာဝန်ကျတဲ့လုပ်ငန်းများကို အကောင်းဆုံးတာဝန်ထမ်းဆောင်ဖို့၊ နိုင်ငံသားနဲ့ နိုင်ငံခြားသားများ အားလုံးတညီတညာတည်း ထိတွေ့ဆက်ဆံဖို့ အမျိုးသားရေးစိတ်ဓာတ်ဖြင့် လုပ်ငန်းတာဝန်များတွင် ဝန်ဆောင်မှုပေးကြပါ” လို့ ကျောင်းဆင်သူများကို ပြည်ထဲရေးဝန်ကြီးဌာန တွဲဖက်တာဝန်ခံ ဖုန်ဂန်ဇော်ဂွန်း ကအမှာစကားပြောခဲ့ပါတယ်။