လူပေါင်းခုနှစ်သိန်းကျော်အတွက် ကိုဗစ်ကာကွယ်ဆေး ယနေ့ရောက်ပြီ

မြန်မာနိုင်ငံတွင်း ကိုဗစ်ရောဂါကူးစက်မှု တစ်နေ့လျှင် စစ်ဆေးမှုပေါင်းရဲ့ ၃ ရာခိုင်နှုန်းဝန်းကျင်အထိသာ ရောက်ရှိတော့တဲ့ ၂၀၂၁ ခုနှစ် ပထမလတွင် အိန္ဒိယနိုင်ငံထုတ် COVISHIELD ကိုဗစ်ကာကွယ်ဆေး ပထမဦးဆုံးအနေဖြင့် လူပေါင်း ၇ သိန်းကျော်ကို နှစ်ကြိမ်ထိုးနှံပေးဖို့ ဆေးအလုံးပေါင်း ၁ သန်းကျော်ရောက်ရှိလာတော့မှာဖြစ်ကြောင်း ယမန်နေ့ည အွန်းလိုင်းမှတဆင့် မိန့်ခွန်းပြောကြားရာမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ – Anurag Srivastava

ထိုကာကွယ်ဆေးများကို ပထမဦးဆုံး ဦးစားပေးအဖြစ် ဆေးဝန်ထမ်းများ၊ ကိုဗစ်စင်တာများတွင် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ဆောင်နေသူများကို လာမည့်အပတ်တွင် ဦးဆုံးထိုးနှံမှုပေးသွားမှာဖြစ်ပြီး ဒုတိယအုပ်စုအဖြစ် ရောဂါရရှိမှုလွယ်ကူတဲ့အုပ်စုနဲ့ ရောဂါအခံရှိသူများကို ထိုးနှံပေးသွားမှာဖြစ်ပြီး နိုင်ငံတော်အကြီးအကဲများ၊ ပြည်ထောင်စုလွှတ်တော်အမတ်များကိုလည်း ယခုတစ်ခေါက်တွင် ထိုးနှံးပေးသွားဖို့ ရှိနေပါတယ်။

နောက်ထပ်ရောက်ရှိလာမည့် ကာကွယ်ဆေးကိုတော့ Stay At Home  အဖြစ်သတ်မှတ်ထားတဲ့ မြို့နယ်များကို ဦးစားပေးသွားဖို့ရှိနေရာ အစိုးရရဲ့ခန့်မှန်းချက်အရ ၁၁ သန်းကျော်ရှိတာကြောင့် ဆေးဝါးရောက်ရှိမှုအပေါ်ကြည့်ရှုပြီး လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ဒါ့အပြင် ကာကွယ်ဆေးရောက်ရှိလာမှုကြောင့် ပြည်သူများအနေဖြင့် ပေါ့ပေါ့ဆဆမနေပဲ သတ်မှတ်ထားတဲ့ စည်းကမ်းချက်များဖြင့် နေထိုင်ကြဖို့ အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေဖြင့် တိုက်တွန်းထားပါသေးတယ်။

အစိုးရဦးဆောင်ပြီး ကိုဗစ်ကာကွယ်ဆေးဝယ်ယူနိုင်ရေး ရန်ပုံငွေထည့်ဝင်ကြဖို့ ဆော်ဩရာမှာတော့ လက်ရှိအချိန်ထိ အစိုးရမတည်ငွေအပါအဝင် ကျပ် ၂၀ ဘီလီယံနီးပါးနဲ့ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကျော်ကို စုဆောင်းနိုင်ထားပြီဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Leave a Reply

*