ကေအိုင်အို အရှေ့ပိုင်းနယ်မြေ ဗန်းမော်ခရိုင်အတွင်းရှိ လနာ့ဇွပ်ဂျာ စစ်ဘေးရှောင်စခန်းရှိ လူငယ်အဖွဲ့နဲ့ ဒေသခံလူငယ်များ ကိုယ်ထိလက်ရောက်ဖြင့် ခိုက်ရန်ဖြစ်ပွားတျာကြာင့် စစ်ဘေးရှောင်စခန်းရှိလူငယ်တစ်ဦး သေဆုံးသွားခဲ့ပါတယ်။
နိုဝင်ဘာ ၈ရက်နေ့ ညနေပိုင်းအချိန်တွင် လနာ့ဇွပ်ဂျာရှိ လက်ဖက်စက်ရုံဟောင်းတွင် သွားရောက်နေချိန် စစ်ဘေးရှောင်စခန်းရှိလူငယ်များက အနီးနားတွင်လာရောက်ကြတဲ့ ဒေသခံလူငယ်များအုပ်စုထဲတွင် သူငယ်ချင်းပါမပါသွားရောက်ကြည့်ရှုစဉ် စကားများရန်ဖြစ်ရင်း သေဆုံးခဲ့ရတာဖြစ်တယ်လို့ လက်ထောက်အုပ်ချုပ်ရေးမှူး ဖော့မျန်းရှောင်လ ကပြောပါတယ်။
သေဆုံးသွားသူက အသက် (၃၀) အရွယ်လူငယ်ဖြစ်တဲ့ အင်ခွန်ဆွတ်အောင်ဖြစ်ကာ အခင်းဖြစ်ပွားတဲ့ညတွင်းချင်း အင်ဘာပါဆေးရုံပို့ဆောင်ကာ ထိုမှတစ်ဆင့် မိုင်ဂျာယန် ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ အခင်းဖြစ်ပွားရာတွင်ပါဝင်ခဲ့တဲ့ လူငယ် ၃ ဦးကို လနာ့ဇွပ်ဂျာရဲစခန်းတွင် စစ်ဆေးမေးမြန်းမှုတွေလုပ်ဆောင်နေပေမယ့် လူငယ်အချို့ကတော့ တိမ်းရှောင်နေတာကြောင် ရှာဖွေမှုဆက်တိုက်လုပ်ဆောင်နေပါတယ်။