လူငယ်အခန်းကဏ္ဍမြင့်တင်ဖို့ လူငယ်ကော်မတီ (၃)နေရာဖွင့်လှစ်

ဂျန်မိုင်ဘွမ် လူငယ်ကော်မတီသစ်ဖွင့်လှစ်ခြင်းကို ဩဂုတ်လ ၁၂ ရက်နေ့က ကားမိုင်းမြို့နယ် လွယ်ဆိုင်ကျေးရွာမှာ ဖွင့်လှစ်ခြင်းအခမ်းအနားပြုလုပ်ခဲ့ကြပါတယ်။

ဒေသတွင်းရှိ လူငယ်များ ပိုမိုစည်းလုံးညီညွတ်လျှက် အဘက်ဘက် တိုးတက်ဖြစ်ထွန်းလာဖို့ အဓိကထားပြီး ပထမဦးဆုံး လူငယ်ကော်မတီကို ဖွင့်လှစ်လိုက်ခြင်းဖြစ်ပါတယ်။

“ယနေ့အချိန်မှာ လူငယ်တွေ ပျက်စီးနေမှုက များပြားလွန်းနေပါတယ်၊ ခေတ်ရေစီးကြောင်းအရ တစ်ဦးနဲ့တစ်ဦး အမြင်မတူတာတွေရှိတယ်၊ စိတ်သဘောထား မတိုက်ဆိုင်တာတွေ၊ စည်းလုံးညီညွတ်ရေးမှာ လူငယ်အင်အားက လျော့နည်းလာတာတွေကြောင့် အချင်းချင်း စည်းလုံးညီညွတ်လာဖို့ ပိုမိုတိုးတက်လာဖို့ အဓိကထားပါတယ်” လို့ ဂျန်မိုင်ဘွမ်နယ် အုပ်ချုပ်ရေးမှူး ကွမ်ထပ်ဇော်ကရန် ကပြောပါတယ်။

ဖွင့်လှစ်ခြင်း အခမ်းအနားမှာတော့ ကားမိုင်နယ်၊ ဂျန်မိုင်ဘွမ် လူငယ်ကော်မတီ၊ ကပ်မှော်လူငယ်ကော်မတီ၊ ဂျန်းရန်းလူငယ်ကော်မတီ စတဲ့ လူငယ်ကော်မတီအဖွဲ့ ၃ ဖွဲ့ကို ဖွင့်လှစ်နိုင်ခဲ့တဲ့အပြင် တာဝန်ထမ်းဆောင်ဖို့လည်း လူရွေးချယ်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။

Leave a Reply

*