လူငယ်တစ်ဦးသေဆုံးမှုမှ တရားခံ သုံးဦးလွတ်မြောက်နေဆဲ

ကေအိုင်အို အရှေ့ပိုင်းနယ်မြေ ဗန်းမော်ခရိုင်အတွင်းရှိ လနာ့ဇွပ်ဂျာ စစ်ဘေးရှောင်စခန်းရှိ လူငယ်အဖွဲ့နဲ့ ဒေသခံလူငယ်များ ကိုယ်ထိလက်ရောက်ဖြင့် ခိုက်ရန်ဖြစ်ပွားတာကြာင့် စစ်ဘေးရှောင်စခန်းရှိလူငယ်တစ်ဦး သေဆုံးသွားမှုရှိခဲ့ကာ  တရားခံ (၃) ဦးကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပါတယ်။

တိမ်းရှောင်နေတဲ့ လူငယ် သုံးဦးကို ရှာဖွေနိုင်ဖို့ နိုဝင်ဘာ ၁၆ ရက်နေ့က သူတို့မိခင်များနဲ့တွေ့ဆုံပြောဆိုခဲ့ကာ အမြန်ဆုံးရှာဖွေနိုင်ဖို့ ညှိနှိုင်းခဲ့ကြပါတယ်။

“ဒီကလေးတွေက အိမ်မှာလည်း မိခင်စကားနားထောင်ခြင်းသိပ်မရှိတာကို သိရတယ်၊ လက်ရှိအချိန်ကတော့ သူတို့ကို အိမ်သူအိမ်သားတွေက ဆက်သွယ်မရသေးဘူး မိဘများကလည်း ယခုဖြစ်ရပ်ကို မသိကြပေမယ့် ပြဿနာအမြန်ပြီးဆုံးနိုင်ဖို့ အတူတကွရှာဖွေတာတွေလုပ်ဆောင်ဖို့ မိဘတွေကို ပြောဆိုထားပါတယ်” လို့ ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဖော်ရမ် ရှောင်လ ကပြောပါတယ်။

လူသေဆုံးစေမှုတွေ ပါဝင်ပတ်သတ်နေတဲ့ လူငယ် (၆) ယောက်ကိုတော့ လနာ့ဇွပ်ရဲစခန်းတွင် ထိန်းသိမ်းထားကာ တိမ်းရှောင်နေသေးတဲ့ သုံးဦးကို ရှာဖွေနိုင်ပါက လနာ့ဇွပ်စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများနဲ့အတူ နှစ်ဖက်အနေဖြင့် အမှုကို ရင်ဆိုင်ဖြေရှင်းသွားကြမှာဖြစ်ပါတယ်။

သေဆုံးသွားသူက အသက် (၃၀) အရွယ်လူငယ်ဖြစ်တဲ့ အင်ခွန်ဆွတ်အောင်ဖြစ်ကာ အခင်းဖြစ်ပွားတဲ့ညတွင်းချင်း အင်ဘာပါဆေးရုံပို့ဆောင်ကာ ထိုမှတစ်ဆင့် မိုင်ဂျာယန် ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။

Leave a Reply

*