လုံရှားယန်ကျေးရွာတွင် စစ်ကောင်စီတပ်များက နေအိမ်တွင် အကြောင်းမဲ့ဝင်ရောက်စစ်ဆေး

ပူတာအိုမြို့နယ် လုံရှားယန်ကျေးရွာတွင် ယနေ့ ဇူလိုင်လ မနက် ၉ နာရီကနေစတင်ပြီး အာဏာသိမ်းစစ်တပ်က ပြည်သူလူထုနေအိမ်များကို အကြောင်းမဲ့ဝင်ရောက်စစ်ဆေးတာ၊ မေးမြန်းတာတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီလက်ပါးစေများက နေအိမ်ပိုင်ရှင်မရှိတဲ့ အိမ်များအထိ သော့များရိုက်ချိုးကာ တံခါးဖျက်ဆီးပြီး လိုက်လံရှာဖွေမှု ပြုလုပ်ခဲ့ပြီး၊ အာဏာသိမ်းစစ်တပ်မှ သံသယရှိသူများနဲ့ လက်နက်များရှိမရှိစစ်ဆေးခြင်းဖြစ်ပေမယ့် မြင်တွေ့သမျှ သူတို့လိုချင်တဲ့ပစ္စည်များနဲ့ ပိုက်ဆံများ အဓမ္မယူဆောင်သွားကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

“အာဏာသိမ်းစစ်တပ်အဖွဲ့က နေအိမ်ဝင်ရောက်စစ်ဆေးတဲ့အချိန် အိမ်သူအိမ်သားတွေကို အတွင်းဘက် မဝင်ခိုင်းပဲ စစ်နေတာ၊ အိပ်ခန်း၊ ဗီရို၊ သတ္တာမကျန်ရှာတယ် နေအိမ်တစ်ခုမှာတော့ ပိုက်ဆံ ၅ သိမ်းယူသွားလိုက်တယ်၊ အိမ်ရှင်က ပိုက်ဆံပျောက်နေတယ်ဆိုပြီး တစ်ခါတည်းပြောတော့ သေနတ်နဲ့ချိန်ရွယ်ခဲ့တယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ထို့သို့ စစ်ကောင်စီတပ်များက လုံရှားယန်ကျေးရွာရှိ နေအိမ်များကို အကြောင်းမဲ့ဝင်ရောက်စစ်ဆေးစဉ် နေအိမ်တစ်ခုတွင် စစ်ဝတ်စုံတွေ့ရှိခဲ့တာကြောင့် ရှာဖွေမှုပြင်းထန်စွာလုပ်တောင်နေခဲ့ကာ လက်ရှိအချိန်မှာတော့ အာဏာသိမ်းစစ်တပ်အဖွဲ့က ဒေသခံပြည်သူများရဲ့ အသက်အန္တရာယ်အတွက် ရန်ပြုလာမည်ကို စိုးရိမ်နေကြရပါတယ်။

Leave a Reply

*