ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် လုံဂျာဘွမ်တဝိုက် အောက်တိုဘာ ၂၈ ရက်နေ့ မနက် ၉ နာရီခွဲခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၃ တပ်ရင်း ၁၅ နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်က ကေအိုင်အေနယ်မြေ လုံဂျာဘွမ်ဘက် ထိုးစစ်ဆင်မှုတွေ တိုးပြီးလုပ်ဆောင်နေတာကြောင့် ကေအိုင်အေတပ်မှ ခုခံတိုက်ခိုက်ခဲ့ကာ လုံဂျာဘွမ် ဘုန်းကြီးကျောင်းတွင် တပ်စွဲနေရာယူနေတဲ့ စစ်ကောင်စီတပ် ခမရ ၄၃၇ တပ်က လက်ဝါးကပ်တိုင်ကုန်းဘက် ၈၁-မမ, ၁၀၅-မမ စတဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး မိုးမောက်မြို့ဘက်ကနေလည်း စစ်အင်အားတိုးချဲ့မှုတွေက ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။
လုံဂျာဘွမ်နဲ့ ဝါဝမ်နေရာများဘက် အောက်တိုဘာ ၂၂ ရက်နေ့က စတင်ပြီး ကေအိုင်အေတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေကာ လေကြောင်းပစ်ကူရယူမှုတွေအထိ ရှိခဲ့တာဖြစ်ပါတယ်။
ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း (Kachin Sub-state) ကေအိုင်အေတပ်မဟာ ၆ တပ်ရင်း ၃၆ နယ်မြေ ဖွန်းပျန်ယန်တွင်လည်း အောက်တိုဘာ ၂၇ ရက်နေ့ ညနေပိုင်း ၃ နာရီခန့်တွင် နမ့်ခေါင်ဘွမ်ဘက် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် ခမရ ၃၅၅ တပ်က အင်အား ၆၀ ပါစစ်ကြောင်းနဲ့ ကေအိုင်အေတပ်ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုလည်း ရှိခဲ့ပါတယ်။