လုံဂျာဘွမ်ကို အကြမ်းဖက် စစ်ကောင်စီ အင်အား ၅၀၀ စစ်ကြောင်း ၅ ခုဖြင့် ထပ်မံထိုးစစ်ဆင်နေ

တပတ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားနေတဲ့ ကေအိုင်အေတပ်မဟာ ၃ တပ်ရင်း ၁၅ နယ်မြေ မိုးမောက်မြို့နယ်၊ လုံဂျာဘွမ်တွင် ယနေ့ အောက်တိုဘာ ၂၉ ရက်နေ့ မနက် ၈ နာရီခွဲကစတင်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်က အင်အား ၅၀၀ ဝန်းကျင်ဖြင့် အောက်တိုဘာ ၂၈ ရက်နေ့က စစ်ကြောင်း ၅ ခုဖွင့်ကာ ထိုးစစ်ဆင်လာနေတာဖြစ်ပြီး ကေအိုင်အေတပ်နဲ့ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားနေသလို နှစ်ဖက် အကြိမ်ကြိမ် တိုက်ခိုက်နေကြတာပဲ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် မိုးမောက်ရှိ အကြမ်းဖက် စစ်ကောင်စီတပ် ခလရ ၄၃၇ တပ်မှ လုံဂျာတောင်ဘက် လက်နက်ကြီးများ ပစ်ခတ်နေတဲ့အပြင် ကျေးရွာအတွင်း ရမ်းသမ်းပစ်ခတ်မှု့ကြောင့် ဆေးရုံဝင်းနား ကျရောက်ပေါက်ကွဲမှု ရှိခဲ့ကြောင်း သိရပါတယ်။

လုံဂျာတောင်နဲ့ ဝဝမ်တွင် အောက်တိုဘာလ ၂၂ ရက်နေ့က စတင်ပြီး KIA တပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား နေ့စဉ်နေ့တိုက်လိုလို ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ကူရယူခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် တိုက်ပွဲဖြစ်ပွားရာတစ်ဝိုက်ရှိ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Leave a Reply

*